Part 26

4.7K 478 46
                                    

ဗညားသတိုး ညကအနမ်းလေးကို ပြန်တွေးမိပြီး နှုတ်ခမ်းထောင့်တို့ ကော့တက်လာ၏။နန်းစောရှင်ရဲ့နှုတ်ခမ်းလေးက နူးညံ့ကာ စွဲမက်ဖွယ်ကောင်းသည်။နီရဲအိထွေးသည့်နှုတ်ခမ်းလေးက နုအိနေကာ လျှာနုနုလေးကိုရစ်ထွေးမိတော့ ယစ်မူးဖွယ်အတိ။နန်း‌စောရှင်ရဲ့တစ်ကိုယ်လုံးကို မြိုချမိမတတ် ရင်ခုန်စိတ်လှုပ်ရှားဖွယ်လည်းကောင်းသေး၏။

ချစ်ရသူလေးရဲ့နှုတ်ခမ်းလေးကို ထိတွေ့ရသည်က တိမ်တွေပေါ်အလည်သွားရသလို လေနှင်ရာမိန်းမောသွားရပြီး ထူးထူးခြားခြားကျေနပ်ဖွယ်ကောင်းသည်။

ဗညားသတိုး ‌နန်းစောရှင်ရဲ့နှုတ်ခမ်းလေးကိုအပိုင်သိမ်းလိုက်နိုင်သောကြောင့် ရင်ထဲတွင် ပျော်ရွှင်မှုတွေ ပေါက်ဖွားနေပြီး မြင်မြင်သမျှက သာယာကြည်နူးဖို့ကောင်းနေသည်။

"နောင်တော်"

ဗညားသတိုး ဗညားငယ်မင်းသားခေါ်သံကြောင့် ကော့တက်နေသည့်နှုတ်ခမ်းကို အောက်ချလိုက်ပြီး အေးစက်စက်မျက်နှာထားကို ပြုပြင်ယူလိုက်သည်။

"ဆိုလေ"

"ဟံသာဝတီနေပြည်တော်ကို ပြန်ဖို့ အားလုံးအဆင်သင့်ဖြစ်ပါပြီ ထွက်ခွာလို့ရပါပြီ"

"ကောင်းပြီ ညီတော် သည်နေ့ကျက်သရေရှိလှပေတယ် နေပြည်တော်ရောက်ရင် တိုက်ကြက်ဖတစ်ကောင်ပေးလေမယ်"

ဗညားသတိုးက ပြုံးရင်း ဗညားငယ်မင်းသားရဲ့ပါးလေးကို ဆွဲဖဲ့လိုက်သည်။ဗညားငယ်မင်းသားက ရုတ်တရက်တောင့်ခဲသွားပြီး အလျင်အမြန်ဒူးထောက်လိုက်သည်။ဒူးထောက်လိုက်လို့ဒူးခေါင်းနှင့်ကြမ်းပြင်ထိသည့် ဒုတ်ခနဲအသံ‌ထွက်ပေါ်လာသည်။

"နောင်တော် တန်ဆောင်တိုင်ညက နောင်တော့်ထံက ကြက်ခိုးတာကအပျော်ပါ ကျန်တဲ့သဘောမရှိပါဘူး ညီတော် နောက်မလုပ်တော့ပါဘူး"

"......."

ဗညားငယ်မင်းသားရဲ့ကြောက်လန့်တကြား ဝန်ခံသည့်စကားသံက တဲနန်းအတွင်းကျယ်လောင်စွာထွက်ပေါ်လာ၏။

ဗညားသတိုး ကွန့်ရောင်ဝါဓားကို ကိုင်ဆောင်လျက် တဲနန်းအပြင်ကိုထွက်သည်။စစ်သူကြီးဝတ်စုံအသစ်လေးနှင့် ခံ့ညားစွာတောက်ပနေသည့်နန်းစောရှင်လေးကို မြင်ရလေတော့ တည်တင်းထားသောနှုတ်ခမ်းတစ်စုံက ကော့တက်လာပြန်၏။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now