|92|

1.7K 325 17
                                    

[Unicode]

"ဖျားနေတာကို ဘာလို့မပြောရတာလဲ? အဖျားကိုကြည့်ပါဦး...၃၉ဒီဂရီကြီးတောင်! မသက်သာဘူးဆိုရင် ဆေးရုံသွားရမယ်! နွေးနွေးထွေးထွေးဝတ်ထားဦး၊ ကားခေါ်လိုက်ရမလား?"

ယန်ထန်က ပွစိပွစိလုပ်နေတဲ့ဖြူလေးကို၊ အိပ်ရာပေါ်ဆွဲချလိုက်ပါတယ်။
"ခဏလောက်ငြိမ်ငြိမ်လေးလှဲပါရစေဦး၊ တနေကုန်အလုပ်များလာရတဲ့ဟာ"

ဟယ်ရှင်းချွမ်က ယန်ထန့်ရှေ့ဆံပင်တွေကို သပ်တင်ပေးလိုက်ကာ
"ဆေးသောက်ထားရဲ့လား?"

"အန်ဂျလာက အဖျားကျဆေးဝယ်ပေးထားတယ်။ မပြန်ခင်၊ အတင်းသောက်ခိုင်းလိုက်တာ"

"ကောင်းသားပဲ"

ဟယ်ရှင်းချွမ်ရဲ့စကားဆိုသံတွေကြားမှာပဲ၊ ယန်ထန်ဟာ တဖြည်းဖြည်းအိပ်မောကျသွားလေရဲ့။

အိပ်ရာက နွေးထွေးနေတယ်။

သူပြန်နိုးလာချိန်မှာ၊ ကုတင်စွန်းတွင်ထိုင်ကာ စာဖတ်နေတဲ့ဟယ်ရှင်းချွမ်။
အိပ်ချင်မူးတူးဖြစ်နေသေးတဲ့ယန်ထန်ကို အပြုံးကြည့်ဖြင့်ကြည့်လာပြီး
"မလှုပ်ရှားနဲ့ဦး၊ အဖျားထပ်တိုင်းလိုက်ဦးမယ်"

ကိုယ်အပူချိန်စစ်ဆေးပြီးခါမှ၊ စိတ်အေးသွားဟန်နဲ့ သက်ပြင်းလေးချတယ်။
"အဖျားတော့ပျောက်သွားပြီ၊ နောက်တစ်ခါကျရင် တစ်ယောက်တည်းကြိတ်ခံမနေနဲ့! ပြီးတော့ နိုဝင်ဘာလပဲရောက်နေပြီ၊ ပါးပါးလေးတွေဝတ်နေတုန်းပဲလား!? မနက်ဖြန်ကျရင် အနွေးထည်တွေသွားဝယ်ပေးမယ်!"

သူ့ထန်ကောရဲ့အဝတ်ဗီဒိုထဲမှာ၊ အနွေးထည်အပေါ်ဝတ်တွေမရှိတာမဟုတ်ဘူး...ရှိပါတယ်။
လည်သာဂျက်ကတ်တွေပဲ ၇ထည် ၈ထည်လောက်!!!
တစ်ထည်ချင်းစီက ဒီဇိုင်းတစ်မျိုးစီနဲ့၊ အကောင်းစားစျေးကြီးပစ္စည်းတွေမှန်း သိသာလွန်းတယ်။

အခုလိုရာသီမှာတော့၊ အနွေးထည်ပွပွထူထူတွေကိုပဲ အတင်းဝတ်ခိုင်းမှဖြစ်မယ်။
မဟုတ်ရင် အအေးမိပြီးသေသွားနိုင်တယ်!

...

ဟယ်ရှင်းလျန်ကိစ္စပြီးသွားတော့၊ သူ့ရဲ့ဘဝမှာပူပန်စရာတွေမရှိတော့ဘူးလို့ပဲ ဟယ်ရှင်းချွမ်တွေးထင်နေမိတယ်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now