"ပြန်လာပြီလား မြန်လိုက်တာ.."
တဘက်ကြီးခြုံပြီး မျက်မှောင်တွေ တွန့်ချိုးကာတဲထဲကို ပြန်ဝင်လာတဲ့ ဒေါနကြောင့် ကိုမြတ် အံ့သြစွာမေးမိသည်။ဟိုဒေါက်တာ ဆီမှာ အိတ်သွားလိုက် ယူတာမဟုတ်ဘူးလား။
"ဟျောင့် မင်းအိတ်ရော.."
မေးနေတာကို မဖြေပဲ အမေးကို အမေးဖြင့်တုံ့ပြန်တော့ ကိုမြတ်နားမလည်နိုင်စွာ ကြောင်အအဖြင့် တဲထောင့်မှ မိမိ၏အိတ်ကိုသာ လက်ညှိုးထိုးပြရခြင်းသို့ ရောက်လေသည်။ထိုအခါမှ ဒေါနက အိတ်ကိုဆွဲယူကာ ဇစ်ဖွင့်၍ ဘောင်းဘီအပျော့သား တစ်ထည့်နှင့် တီရှပ်တစ်ထည်ရယ် ဟူဒီတစ်ထည်ရယ်ကို ဆွဲထုတ်ပြီးမှ ခပ်မြန်မြန်စွတ်ချလေသည်။
"မင်း အိတ်သွားပြန်ယူတာ မဟုတ်ဘူးလား..."
"မသွားတော့ဘူး.."
မျက်မှောင်တွေတွန့်၍ မပွင့်တပွင့် ပြောနေပုံက ခုနက ဒေါသထွက် ဆဲဆိုပြီး စိတ်တိုနေခဲ့တာ မဟုတ်ခဲ့တဲ့အတိုင်း။အခုလှုပ်ခတ်သွားလိုက် အခုငြိမ်သက်သွားလိုက်ဖြင့် တိမ်လိုလေလိုပြောင်းလဲ လွယ်နေတဲ့ ဒေါန၏ပုံစံကိုကြည့်ကာ ကိုမြတ် နားကိုမလည်နိုင်တော့။ကိုမြတ် ကြည့်နေတုန်း ဒေါနက ဘေးအိတ်ထဲမှ သတ္တုဗူးအပြားလေးကို ဆွဲထုတ်လိုက်တာမလို့...
"ချမလို့လား ဟျောင့် အမြည်းမရှိဘူးနော်.."
ကိုမြတ်ပြောတော့ ဒေါနက နှုတ်ခမ်းမှာ စီးကရက်ခဲလိုက်ပြီးမှ...
"ဂါလံခွက်နဲ့ လောင်းထည့်ရင်တောင် ပဝါမကူရေမရှုမဲ့ စောက်အရက်သမားကများ ဘာအမြည်းလဲ.."
ဒေါနက တနင့်တပိုး ပြောပြီးမှ တဲအပြင်ထွက်သွားတော့ ကိုမြတ်က ဟီးကနဲ သွားဖြဲကာ တဲအပြင်သို့ နေရာမှထ၍ လိုက်လာခဲ့လေတော့သည်။
နှစ်ယောက်သား တဲရှေ့က မြက်ခင်းပေါ်မှာပဲ ထိုင်ချပြီး ကြယ်ရောင်လရောင် အောက်မှာ ဝိုင်းဖွဲ့ဖြစ်ကြတော့သည်။ဒေါနက ရမ်ကိုမော့သောက်လိုက် စီးကရက် သောက်လိုက်ဖြင့် ဇိမ်ယူနေပေမဲ့ ခုနက ကိစ္စကို ဘာမှမပြောတာမလို့ ကိုမြတ်လည်း အလိုက်တသိ မမေးဖြစ်တော့။ဒေါနဆိုတာ သူပြောချင်ရင် မေးနေစရာမလို ပြောကိုပြောမှာ ဖြစ်ပြီး မပြောချင်ရင်လည်း ဓားမိုးပြီး မေးရင်တောင် ပြောမှာမဟုတ်တာ အနီးကပ်ပေါင်းနေတဲ့ သူကအသိဆုံးဖြစ်သည်။
YOU ARE READING
Green Eye(complete)
General Fiction!အမှန်တော့ မင်းက ကိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ... Oct9.2021 !အမှန်တော့ မင်းက က်ိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ...! ...