2.2(U)

2.5K 461 12
                                    

ကံကောင်းတာက နွေရာသီအလယ်လောက်ရောက်လာပြီး ညတွေမှာတောင် အပူချိန်ကတိုးနေတုန်းပဲ။သို့သော်လည်း ရေငတ်တာက ပြဿနာပဲ။နေလုံးကြီးမြင့်တက်လာတာကိုမြင်ရင်းနဲ့ ချန်လီကောက ဆက်မလျှောက်ရဲတော့ဘူး။

တစ်နာရီလောက်ရှာပြီးတော့ မတ်စောက်တဲ့တောဆင်ခြေလျှော တစ်ခုနားမှာ မိန်းကလေးဖိနပ်ရာနှင့်အဝတ်စအနည်းငယ်ကိုတွေ့လိုက်ရသည်။

ချန်လီကောက တောင်ရဲ့ဆင်ခြေလျှေ​ာထိပ်ကနေ  အော်လိုက်သည်။

"ရှန်းယိုလင်၊ရှန်းယိုလင်"

ခဏလောက်ကြာတော့ သူ့သမီးရဲ့ငိုနေတဲ့အသံက တောင်ရဲ့အောက်တစ်နေရာကနေ ထွက်လာသည်။
သူမက ငိုရင်းနဲ့ သူ့ကိုလှမ်းခေါ်လာသည်။

"အဖေအဖေ သမီးဒီမှာ သမီးဒီမှာ"

ချန်လီကောက ဒီအသံကိုကြားတော့ သက်ပြင်းကောင်းကောင်းချနိုင်လိုက်သည်။

"အဲဒီမှာစောင့်နေ အဖေချက်ချင်း ဆင်းလာခဲ့မယ်"

ရှန်းယိုလင်က ငိုကြွေးလာပြီး သူမနှလုံးသားထဲမှာ အကူအညီမဲ့သလိုခံစားလာရသည်။

ဒီတောင်ကုန်းရဲ့ဆင်ခြေလျှောနေရာက နည်းနည်းမတ်စောက်ပေမယ့် သူ့အပေါ် မှာ လျှောဆင်းလို့ရသည့် သစ်ကိုင်းအကြီးကြီးတွေ
ရှိသည်။

ချန်လီကောက လမ်းလျှောက်လို့ရသည့် သစ်ကိုင်းတစ်ခုကို ကောက်လိုက်ကာ တစ်လှမ်းချင်း တောင်အောက်သို့ ဆင်းလာခဲ့သည်။

အဲဒီကိုရောက်တော့ မျက်နှာ မျက်ရည်တွေ
အပြည့်နဲ့ ရှန်းယိုလင်ကိုတွေ့ရပြီး သူနဲ့အတူ
ခန္ဓာကိုယ်အခြေအနေမကောင်းသည့် ရီဟွိုင်ကိုပါ တွေ့လိုက်ရသည်။

"ဘာဖြစ်ခဲ့တာလဲ???"

ချန်လီကောက မေးလာသည်။

"သမီး...သမီးအစတုန်းက ပိုးစုန်းကြူးတွေကြည့်ချင်လို့ လာခဲ့တာပါ ဒါပေမဲ့...ဒါပေမဲ့..သမီးတို့
ပြုတ်ကျသွားတယ်"

ချန်လီကောက သူတို့နှစ်ယောက်ဆီ လမ်းလျှောက်လာပြီး နှစ်ယောက်စလုံးရဲ့
အခြေအနေကို စစ်ဆေးလာသည်။ရှန်းယိုလင်က
ပွန်းရာလောက်ပဲ ရှိပေမယ့် ရီဟွိုင်ရဲ့
ညာဘက်ခြေထောက်ကတော့ ကျိုးသွားသည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now