2.4(U)

2.4K 432 15
                                    

ချန်လီကော ဆေးလိပ်သောက်ပြီးတော့
ဆေးလိပ်ကို မီးငြိမ်းလိုက်ပြီး ဘေးက
အမှိုက်ပုံးထဲ ပစ်ထည့်ခဲ့သည်။
ထို့နောက်သူက ကားမောင်းရန်ပြင်လိုက်စဥ်
သူ့ရှေ့မှာ လာကာတဲ့လက်တစ်ဘက်ကို
မြင်လိုက်ရသည်။ သူ့ခေါင်းကို မော့ကြည့်လိုက်တော့ ထိုလူက နိုင်ငံခြားသားတစ်ယောက်ဖြစ်နေသည်။

နိုင်ငံခြားသားက အဝါရောင်ဆံပင်ကို ခေါင်းပေါ်မှာစုစည်းထားပြီး မျက်ခုံကောင်းကောင်းနှင့်
စူးရှသောမျက်လုံးများ ရှိနေသည်။ သူက
အားလုံးပေါင်းလိုက်ရင် အလွန်တရာကိုချောမောသည်။သူက ပြုံးလိုက်ပြီး

"​ဟယ်လို"ဟုပြောလာသည်။

ချန်လီကောက အသက်မဲ့စွာနဲ့ ဘာမှပြန်မပြောခဲ့...

"ကိုယ်နဲ့ ဝိုင်တစ်ခွက်လောက် သောက်ပေးဖို့
မင်းကိုဖိတ်ခွင့် ကိုယ့်မှာရှိမလား"

ထိုလူရဲ့ တရုတ်သံက ဝဲပေမယ့် နားလည်ရလွယ်သည်။သူ့မျက်နှာမှာလည်း တောက်ပစွာ ပြုံးထားလိုက်သည်။

ချန်လီကောက ပျင်းရိစွာနဲ့ ပြောလာသည်။

"အချိန်မရှိဘူး"

ထိုလူက အရှက်မဲ့စွာ ပြောလာပြန်သည်။

"ကိုယ့်နာမည်က အန်းဂတ်စ်လို့ခေါ်ပါတယ်၊
ဒါဆို မင်းဘယ်အချိန်အားမလဲဆိုတာရော
ကိုယ်သိလို့ရမလား???"

"ဘယ်အချိန်မှမအားဘူး"

ချန်လီကောက ပြောပြီးတာနဲ့ လှည့်ထွက်လာခဲ့ပေမယ့် ထိုလူက သူ့ကိုခေါ်ရင်း သူ့ခါးကိုကိုင်လာသည်။

"ငါ့ကိုလွှတ်စမ်း"

ချန်လီကောက အေးစက်စွာ ပြောလာသည်။

သူကဒီလိုပြောလိုက်ပေမယ့် အန်းဂတ်စ်ကတော့
ဆက်ဆွဲထားမည်ဟုထင်သော်လည်း ထိုလူက
သူ့လက်ကိုလွှတ်ချလိုက်ပြီး ပြောလာခဲ့သည်။

"စိတ်လျှော့ပါ"

ချန်လီကောက သူ့ကို တစ်ချက်ကြည့်လိုက်ရင်း
ကားသော့ကိုထုတ်ကာ ကားတံခါးကို ဖွင့်လိုက်သည်။

ဘယ်သူထင်မှာလဲ သူကားထဲကို ဝင်လိုက်တာနဲ့
သူနဲ့အတူ ကားထဲဝင်လိုက်ပြီး သူ့ကိုခုန်အုပ်လာခဲ့သည်။ချန်လီကောက သူ့ကိုကန်ထုတ်ခဲ့ပေမယ့်
အန်းဂတ်စ်က သေချာလေ့ကျင့်ထားပြီး ကန်ချက်ကို စိတ်ကိုမဝင်စားခဲ့ပါ။ချန်လီကောက
သေနတ်ထုတ်လာတော့ သူ့မျက်နှာက တင်းမာသွားခဲ့သည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now