🍀 အပိုင်း 2 🍀

14.4K 499 1
                                    

Unicode:

အမုန်းများရဲ့ အလွန်~
🍀 အပိုင်း 2 🍀

ပုံရိပ် အလုပ်သွားရန် ပြင်ဆင်ပြီး အခန်းထဲမှ အထွက် ဧည့်ခန်းရှေ့မှ ဖြတ်
အလျှောက် ....

သူမ စကတ်ထဘီကို တစ်ယောက်ယောက်ကလှမ်းဆွဲထားတာမို့ လှည့်ကြည့်တော့ သားရယ်လေ လေးဘက်လေးထောက်ပြီး လှမ်းဆွဲနေတာ..... ပါးစပ်မှာ ​ဖြည့်စွက်စာ တွေက ပေကျံနေသေးသည်.....

ပြီးတော့ သူမကို ကြည့်ကာ မေ့ ဆိုပြီး လှမ်းခေါ်ကာ ပြုံးပြသည် ..... သားက သူမကို ချီစေချင်နေတာလား ......

ပုံရိပ် အနီးအနားကို ဝေ့ကြည့်လိုက်တော့
သားအနားမှာ လူတစ်ယောက်မှ မရှိပေ....
ကလေးကို ဒီလို တစ်ယောက်ထဲ အမြဲ ပစ်ထားနေကြလား ..... ဟိုတစ်ယောက်က အခုထိ မနိုးသေးဘူးလား မသိ ....
မိဘုတ်ကလဲ ဘယ်ရောက်နေတာလဲ ....

" မေ့ ... ရှီ "

သားက ဒူးလေးထောက်ပြီး သူမဆီကို လက်လေး လှမ်းပေးသည် .... သဘောက သူ့ကို ချီပါဟု .....

ပုံရိပ် မျက်ရိပ်မျက်ချေ တစ်ချက်ကြည့်လိုက်ပြီး သားကို စွေ့ခနဲ ပွေ့ချီလိုက်သည်
.... သားက တကယ်ကို ၀တုတ်လေးပင်...
ပုံရိပ် ချီလိုက်တာ နင့်ခနဲတောင် ဖြစ်သွားသည်.... ပုံရိပ်လွယ်ထားသည့် slim bag ကို စားပွဲပေါ် ပစ်ချလိုက်ပြီး စားပွဲပေါ်မှ
wet tissue လေးနဲ့ ပေကျံနေသည့်
သားရဲ့ ပါးစပ်တစ်၀ိုက်ကို ပွတ်သုတ်ပေး
လိုက်သည်.....

" မေ့ .... ချစ် .... ချစ် "

သူမကို ချစ်တယ်ဟု ပြောနေသော သား၏ ပါးဖောင်းဖောင်းကို သူမ ဖွဖွလေး
မွှေးလိုက်သည် .....

"သားက မေ့ကို ချစ်တာလား "

"ချစ် .... ချစ် "

သားရဲ့ ချစ်စဖွယ် စကားလေးကြောင့်
ပုံရိပ် ပြုံးလိုက်မိသည်.... သား ၂လသား
အရွယ်မှာပဲ သူမ အမေရိက ကိုထွက်သွားခဲ့ပြီး ပြန်ရောက်ထဲက သူမကလဲ သားအပေါ် ရင်းရင်းနှီးနှီး မနေတာမို့ သားကတော့ သူမကို စိမ်းနေမည်ဟု ထင်ခဲ့တာ.... ချစ်စရာ ကောင်းလွန်းသည့်
သားလေးကို ကြည့်ပြီး သူမမျက်ရည်
တွေပါ ၀ဲတက်လာရသည်....

"အယ်မမလေး အလုပ်သွားတော့မလို့လားဟင်.... ဘုတ်ဘုတ် လီလီလေး ကျောင်းသွားခါနီးမို့ ပြင်ဆင်ပေးနေရတာနဲ့ ဂွန်းလေးကို မကြည့်လိုက်မိဘူး "

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now