🍀 အပိုင်း 6 🍀

10.6K 372 0
                                    

Unicode:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 6 🍀

ဒီနေ့က ပုံရိပ်တို့ 3 လပတ် စာမေးပွဲတွင်
ဖြေထားခဲ့သည့်  ရမှတ်စာရင်းတွေ သိရတော့မည့် နေ့ဖြစ်သည်.....

"ငါ သင်္ချာရော physics ရော မေးခွန်းလှည့်ထားတာတွေ မဖြေနိုင်ခဲ့တော့
အဆင့် တစ်ကနေ တစ်ဆယ် အတွင်းမ၀င်ရင် ဘယ်လိုလုပ်မလဲဟင် ပုံရိပ်.... "

"နင်တစ်ယောက်ထဲ မဖြေနိုင်တာမှ
မဟုတ်တာ ၀တ်မှုန်ရယ် .... တစ်တန်းလုံး
မဖြေနိုင်တာပဲကို ....ငါဆိုလဲ အဲ့အဖြေတွေ သိဖို့နေနေသာသာ မေးခွန်းတောင်
မမြင်ဖူးဘူး ....ဆရာမကြီး အပြင်က
မေးခွန်းထည့်ထားတာပဲဖြစ်ရမယ် "

"အေးလေ ..... နင့်လို စာကျေနေတဲ့ hyper တောင် မသိတာ ငါ့ဘာငါပဲ
ဖြေသိမ့်လိုက်ပါတော့မယ်....ဒါနဲ့လေ ဟိုတစ်ယောက်ရော အဲ့၂ဘာသာ ဖြေနိုင်လား
မသိဘူးနော် "

"ဘယ်တစ်ယောက်လဲ "

၀တ်မှုန်က ပုံရိပ်တို့နှင့် မျက်စောင်းထိုးတွင်ထိုင်နေသော နေ့ရက်ဆက်ကို
မေးငေါ့ပြသည်.....

"ငါ ဘယ်သိမှာလဲ "

"သူ့ကြည့်ရတာစာလဲ မလုပ်ဘူးနော် .... အမြဲကြည့်လိုက်ရင် ဝေယံတို့နဲ့ပဲ အလေလိုက်နေတာ....ငါ့ကို ကောင်းခန့်ပြောပြတယ်သိလား...သူ့အဖေကလေ သူ့အတွက်ဆိုပြီး PS2 game စက်ကို Japan ကနေ ၀ယ်ပေးတာတဲ့ ....

အဲ့ဒီ ဂိမ်းစက်က ဒီက ဂိမ်းဆိုင်တိုင်းမှာတောင် ရှိသေးတာ မဟုတ်ဘူးတဲ့ .... ကောင်းခန့်ရောဝေယံရော ဆော့ချင်ရင်သူ့အိမ်မှာ သွားဆော့ရတာတဲ့.... ငါ့အဒေါ်ကတော့ အိမ်မှာ သူကဘယ်လောက်တော်ကြောင်းဘယ်လောက်ဥာဏ်ကောင်းကြောင်းပဲ ​အမြဲပြောနေတာ..... တကယ်ဆို သူ့ပုံစံက စာဂျပိုးနဲ့လဲ ဘယ်နေရာမှ
မတူဘူး  "

"ဒါပေမဲ့ စာမေးပွဲဖြေတုန်းကတော့ သူဖြေနိုင်တဲ့ပုံပဲ ၀တ်မှုန်.... "

"ဟုတ်လား .... နင်ဘယ်လိုသိလဲ "

"သူနဲ့ငါနဲ့က တစ်ခန်းထဲဖြေရတာလေ "

"အေးနော်သူကကျောင်းသားသစ်ဆိုတော့
ယောကျာ်းလေးတွေထဲ ခုံနံပါတ် နောက်ဆုံးဖြစ်မှာပေါ့ ..... နင်က မိန်းကလေးတွေထဲ ခုံနံပါတ် အရှေ့ပိုင်းထဲဆိုတော့ ..... တော်တော်ဖြေနိုင်တဲ့
ပုံလား "

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now