🍀 အပိုင်း 7 🍀

9.9K 367 1
                                    

Unicode:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 7 🍀

ပုံရိပ် သင်္ချာပုစ္ဆာတွေ ပြန်တွက်နေတုန်း မေမေက အိုဗာတင်းတစ်ခွက်ရယ်
ကိတ်မုန့်၂ချပ်ရယ်ကို ဗန်းလေးနဲ့ ယူလာသည်.....

"သမီး မုန့်လေးစားပြီးမှ ဆက်တွက်တော့ ... ညစာလဲ ကောင်းကောင်းမစား
ဘူး "

"ဟုတ်ဟုတ်မေမေ ... သမီးပြီးမှ စားလိုက်မယ်နော် "

"ပြီးမှ စားမယ်မလုပ်နဲ့ .... အခုမေမေ့
ရှေ့မှာစား .... သမီးမှာ အစာအိမ်အခံရှိတယ်ဆိုတာ မမေ့နဲ့နော် .... မြန်မြန်လေး
စားလိုက် ပြီးမှ ဆက်တွက်တော့ "

ဥာဏ်စမ်းပုစ္ဆာတွေတွက်ဖို့က အများကြီးကျန်နေသေးတာကို မေမေက အတင်း
မုန့်စားခိုင်းနေတာမို့ ပုံရိပ် လက်ထဲမှ ခဲတံ
ကို ခဏချထားလိုက်ပြီး ကိတ်မုန့်တစ်ချပ်
မြန်မြန်၀ါးလိုက်ပြီး အိုဗာတင်းကိုပါ တစ်ခါထဲ မော့သောက်လိုက်သည်.....

"ရပြီနော်မေမေ"

"ကိတ်မုန့်ကျန်တာလေး စားလိုက်ဦးလေ
သမီး "

"ဟင့်အင်း တော်ပြီ မေမေ .... သမီးတကယ် ဗိုက်၀သွားပြီ "

" နားနားပြီးလုပ်ပါ သမီးရယ်.... သမီး တွက်နေတာ ဘယ်လောက်ကြာပြီလဲ
အခု ၁၀နာရီထိုးနေပြီ .... ၁၂ နာရီဆိုရင်
တော့ ရပ်မှရမယ်နော် "

"ဟုတ်ဟုတ်မေမေ "

"သင်္ချာဆိုတာက ခေါင်းကြည်နေမှ တွက်နိုင်တာ သမီးရဲ့ ..... ၁၂ ထိုးရင်တော့ တကယ် တော်တော့နော်.... မေမေ့သမီး
က စာမေးပွဲနားနီးမှ စာလုပ်တဲ့ သူမှ မဟုတ်တာ .... ကိုယ့်ကိုယ်ကို စာရနေပြီ
ဆိုတဲ့ ယုံကြည်ချက်လေးသွင်းထား ....
ဟုတ်ပြီလား ဘာမှ မကြောက်နဲ့နော်"

"ဟုတ်မေမေ "

ပုံရိပ် မေမေစိတ်ချမ်းသာအောင် ဟုတ် လို့ပြောလိုက်ရသော်လည်း တကယ်တမ်း
ကျတော့ အခု ပုံရိပ်တွက်ရန်လုပ်ထားသော ဥာဏ်စမ်းတွေကို တွက်မည်ဆိုပါက
မနက် ၁နာရီခွဲလောက်မှ ပြီးမှာ ဖြစ်သည်
......

မေမေ့စကားနားမထောင်ချင်လို့ မဟုတ်ပါ
ဘူး မေမေရေ .... ဒါတွေအကုန်တွက်ထားမှ မနက်ဖြန် မေးလာမယ့် မေးခွန်းတွေ ဖြေနိုင်မှာမို့ပါ ....

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now