🍀 အပိုင်း 11 🍀

10.2K 385 0
                                    

Unicode:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 11 🍀

ပုံရိပ် ညနေစာ စားပြီးထဲက အခန်းထဲပြန်၀င်ကာ ကြည့်လက်စ ဇာတ်ရှိန်တက်နေပြီဖြစ်တဲ့ ကိုရီးယားကားကို
ဆက်ကြည့်နေလိုက်သည် .....

ထိုစဥ်တံခါးခေါက်သံကြားလို့ သွားဖွင့်
ကြည့်တော့ အခန်း၀တွင် မေချိုကရပ်
နေသည်.....

"မေချို ..... "

"အဟင်း သမီးလေး အိပ်နေတာလား ....
မေချိုက သမီးကို ပြောစရာစကားလေး
ရှိလို့ ရောက်လာတ "

"လာလေမေချို .... သမီး မအိပ်သေးပါဘူး ကိုရီးယားကားကြည့်နေတာ "

"အို .... မေချို အနှောင့်အယှက်ပေးမိပြီ
ထင်တယ် ..... ရုပ်ရှင်က အချိန်နဲ့လာတာလား သမီး "

"မဟုတ်ပါဘူးမေချိုရဲ့ ....completed ကို ကြည့်နေတာ ရပ်ထားလို့ ရတယ်မေချို ..... ဒါနဲ့ သမီးကို ဘာပြောမို့လို့လဲ
ဟင် "

"ဒီလိုပါ သမီးရယ် "

မေချိုက သူမမျက်နှာကိုကြည့်ပြီး တခုခု
ကို ပြောရန် အားယူနေပုံရသည် ....
ဘာပြောမှာမို့လို့ မေချို ဒီလောက်ထိ အားယူနေလဲဆိုတာ ပုံရိပ်သိချင်လာသည်.....

"မေချို ..... သမီးကို ပြောစရာရှိတာ
ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ် ....
ဘာဖြစ်လို့လဲဟင် "

"သမီးလဲ မှတ်မိလောက်မယ် ထင်ပါတယ်.....ခင် မဆုံးခင်က ​မေချိုကို မှာသွား
ခဲ့တာလေ .... သမီးလေး အရွယ်ရောက်
ရင် သမီးကို သားနဲ့ နေရာချထားပေးဖို့...

အခုက သားလဲ ဒီကို ပြန်ရောက်နေပြီဆိုတော့ သမီးနဲ့သား တစ်အိမ်ထဲ အတူတူ
ရှိနေတာ ပတ်၀န်းကျင်ရဲ့ အမြင်ကလဲ
ရှိသေးတယ်လေ..... အဲ့လိုဆိုတိုင်း သမီး
တစ်ယောက်ထဲနေဖို့ မေချို ခွင့်မပြုနိုင်
ဘူးနော် ..... ခင့်ကို မေချိုကတိပေးပြီး
သား .... သမီးလေးကို ကိုယ့်သမီး အရင်း
လို ပြုစုစောင့်ရှောက်မယ်လို့ ......

အဲ့တော့ သမီးရယ် .... မေချို သမီး
ဖေထွန်းနဲ့လဲ တိုင်ပင်ပြီးသွားပြီ ....
သမီးဖေထွန်းကလဲ ဖိတ်ချင်းဖိတ် ကိုယ့် အိတ်ထဲဖိတ်ရမှာဆိုတော့ အရမ်း၀မ်းသာ
နေတယ်.... အဲ့တာ သမီးလေး သဘောကရောဟင် "

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now