Unicode:
အမုန်းများရဲ့ အလွန်~
🍀 အပိုင်း 12 🍀
ဟိုနေ့က နေ့လယ်စာအတူစားပြီးထဲက
နေ့ရက်နဲ့ ပုံရိပ် ၂ယောက် မျက်နှာချင်းဆိုင်ပြီး စကားမပြောဖြစ်ကြတော့ .....အဓိကအကြောင်းရင်းမှာ ပုံရိပ်က တစ်ဖက်သတ်ရှောင်နေခြင်ဖြစ်သည် ...... ပုံရိပ် တစ်ဘ၀လုံးနဲ့ ဆိုင်သည့် ကိစ္စကို
ပုံရိပ် သေချာလေး စဥ်းစားချင်သေး
သည်မို့ နေ့ရက်ကို တမင်ရှောင်နေခြင်း
ဖြစ်သည်......ရှောင်နေသည့်၃ရက်မြောက်ညတွင်တော့ တစ်အိမ်လုံး အိပ်မောကျနေလောက်ပြီ ဖြစ်သည့် ည၁၂နာရီ ကျော် အချိန်မှာ
ပုံရိပ် လချုပ်စာရင်းတွေ ပြန်ကြည့်နေတုန်း အခန်းတံခါးခေါက်သံထွက်ပေါ်လာသည်......ပုံရိပ်ထိတ်ခနဲ လန့်သွားရသည်....
တစ်အိမ်လုံးအိပ်နေကြမည့် အချိန်တွင်
ပုံရိပ်အခန်းတံခါးကို လာခေါက်သည်ဆို
တော့ ဘယ်သူများဖြစ်နိုင်မလဲ ....မေချိုများလား ... ဒါပေမဲ့လဲ မေချို
ဆိုရင် သမီးရေလို့ လှမ်းခေါ်မှပေါ့ ....
မဟုတ်မှ နေ့ရက်လား ....တံခါးခေါက်သံက ထပ်ထွက်ပေါ်လာပြီး
တစ်ဆက်ထဲမှာပဲ ...."ပုံရိပ်ထင် .... အိပ်နေပြီလား "
နေ့ရက်အသံ ခပ်အုပ်အုပ်ကြားမှ ပုံရိပ်
ရင်ဘတ်လေးအသာဖိကာ ဟူးခနဲ
သက်ပြင်းချလိုက်မိသည်....တံခါးဖွင့်လိုက်သည်နှင့် နေ့ရက်က ပုံရိပ်ကို တွန်းပြီး အခန်းထဲ ၀င်ကာ ပုံရိပ် ခုတင်ပေါ် အခန့်သား ထိုင်လိုက်သည်....
ညကြီး အချိန်မတော် ပုံရိပ်အခန်းထဲ သူရှိနေတာ သိသွားမှာဆိုးလို့ ပုံရိပ် တံခါးကို Lock ချလိုက်ပြီး "ဘာလာလုပ်တာလဲ"
ဟု သူ့ကိုမေးရသည်.....သူက ပုံရိပ်ကို မော့ကြည့်ပြီး ....
"နင်ဘာလို့ ငါ့ကိုရှောင်နေတာလဲ ပုံရိပ်ထင် "
ဒါလေးမေးဖို့ ဒီအချိန်ကြီး ပုံရိပ်အခန်းထဲ ရောက်လာရသည့် သူ့ကို ပုံရိပ်တကယ်ပဲ နားမလည်တော့ ....
"နင်အဲ့တာလေးမေးဖို့ကို အခုငါ့အခန်းထဲ ရောက်လာတာလား "
နေ့ရက်က ဘာမှမသိသည့်ပုံစံဖြင့်
ခေါင်းငြိမ့်ပြသည်.....
YOU ARE READING
🍀 အမုန်းများရဲ့ အလွန် 🍀
Romanceမာနတွေပြိုင်ကြရင်း တည်ဆောက်ဖြစ်ခဲ့တဲ့ နေ့ရက်ဆက် နဲ့ ပုံရိပ်ထင်တို့ရဲ့ အိမ်ထောင်ရေး အချစ်ဇာတ်လမ်းလေး ❤️❤️