🍀 အပိုင်း 14 🍀

10.8K 362 0
                                    

Unicode:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 14 🍀

ရေမိုးချိုးပြင်ဆင်ပြီးသည်နှင့် ပုံရိပ်တို့
၂ယောက် ဘုရားရင်ပြင်တော်ပေါ်တက်
ကာ ဘုရားအရင် ကန်တော့ပြီးမှ စားသောက်ဆိုင်တန်းဘက်သို့သွားကာ
နေ့လယ်စာ စားကြသည် ......

ပုံရိပ်က ဟင်းတစ်တုံးခပ်ပြီး နေ့ရက်ပန်းကန်ထဲ အရင်ဦးချလိုက် နေ့ရက်က
ပုံရိပ်ပန်းကန်ထဲ ဟင်းလေးတွေ ထည့်ပေးလိုက်နဲ့ ၂ယောက်သားရဲ့ အချိန်လေးတွေဟာ ကြည်နူးဖွယ်အတိပင် ....

နေ့လယ်စာ စားပြီးသည့်အခါ ပုံရိပ်က
အရင် ....

"နေ့ရက် "

"ဟင် .... "

"ငါတို့လေ ကျီးကန်းပါးစပ်ဆီသွားရအောင်လား .... "

"အခုမှ ခရီးရောက်စပဲ ရှိသေးတယ်လေ ထင် ရဲ့ .... ကျီးကန်းပါးစပ်ဆီသွားရင် နင် ပင်ပန်းသွားလိမ့်မယ် မနက်ဖြန်မှ အေးဆေးသွားကြမယ်လေ "

သွားချင်သည့်ဆီ ချက်ချင်းမသွားရ၍ နှုတ်ခမ်းဆူသွားသည့် ပုံရိပ်ကို နေ့ရက် ချစ်စနိုးဖြင့် မနာအောင် ပါးလေးကို ဖွဖွလေး လိမ်ဆွဲလိုက်သည် .....

"ကဲပါ ထင်ရယ် .... ဟိုသွားရင် လှေကားထစ်တွေ အများကြီးတက်ရမှာ ငါကနင်ပင်ပန်းမှာဆိုးလို့ပြောတာပါ ....
မနက်မှ အေးဆေးသွားမယ်နော် .... အခု အရင်ဆုံး ဓာတ်ပုံရိုက်ကြမယ်လေနော် ....
ပြီးရင် ရင်ပြင်ပေါ်မှာ အေးဆေးထိုင်ကြ
ရအောင် "

နေ့ရက်က အကျိုးသင့်အကြောင်းသင့်
ချော့ချော့မော့မော့ပြောသောအခါ ပုံရိပ်
အဘယ်မှာ တောင့်ခံအံ့ပါနည်း....

ထပ်ပြီး နေ့ရက်က ရှုခင်းကောင်းသောနေရာများတွင် ဓာတ်ပုံလှလှလေးများ
ရိုက်ပေးလိုက်သောအခါတွင်တော့
စိတ်ကောက်ခြင်းအဆင့်ထိမရောက်သေး
သော ပုံရိပ်မှာ သူ့အလိုလို စိတ်ပြေသွား
ရတော့သည် ......

ပုံရိပ်ပုံလေးတွေရော ၂ယောက် စုံတွဲပုံလေးတွေရော တော်တော်များများရိုက်ပြီးသွားသည့်အခါ ရွှေဆိုင်းကပ်ရန် ရွှေပြား
လေးတွေ ၀ယ်ကြသည် .....

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now