🍀 အပိုင်း 17 🍀

11K 362 2
                                    

Unicode:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 17 🍀

နေ့ရက် ၃၅ရက်သာရှိသေးသည့် သမီးလေးကို ပွေ့ချီရင်း ချော့မြူနေမိသည့်....

ချောလိုက်သည့် သမီးလေး ....
ဘာအလုပ်မှ မလုပ်ဘဲ တနေကုန်
တစိမ့်စိမ့်ကြည့်ရင်တောင် ဒီသမီးလေးကိုမပျင်းမရိဘဲ ကြည့်နေနိုင်ပါသည် ......

အချိန်က ည ၁၁နာရီခွဲ .... သမီးက နေ့နဲ့ည မှားပြီး နေ့ဘက်တွေဆို တနေကုန် အိပ် ညဘက်တွေဆို လုံး၀မအိပ်တော့ပေ...... အိပ်ရာပေါ်များ ချထားလိုက်လျှင်
တစ်ညလုံး မအိပ်ပဲ အော်ငိုနေတတ်သည်....

အခုလို လက်ထဲ ကိုယ်ငွေ့လေးနဲ့ နွေးစေပြီး ပွေ့ချီထားမှ ငြိမ်ငြိမ်လေးနေသည်....

လက်ကမချတမ်း ပွေ့ချီထားပြီး အဆက်မပြတ်ချော့မြူထားတော့မှ သမီးက မျက်လုံးလေး မှေးစင်းလာပြီး တဖြည်းဖြည်း အိပ်ငိုက်ကာအိပ်ပျော်သွားသည် .... ဒါတောင် ချွတ်ချွတ် ဆိုတဲ့ အသံကြားတာနဲ့ ချက်ချင်းလန့်နိုးပြီး အော်ငိုတတ်ပါသေးသည် .....

ထိုအခါမျိုးဆို သူ့မှာ ဘယ်သူ့မှ မနိုးစေရန် အောက်ထပ် ဧည့်ခန်းထဲမှာ သွားပြီး
သမီးကို ချော့မြူရသည် .....

ထင်က ကလေးမွေးပြီးထဲက စိတ်ကျရောဂါဖြစ်ချင်နေသည်.... အိမ်ပြန်ရောက်ထဲက သမီးလေးကိုလဲ တော်ရုံမချီပါ......

နို့တိုက်ချိန်ခဏပဲ သမီးက ထင်လက်ထဲမှာပဲရှိသည် .... ကျန်တဲ့အချိန် သူပဲ သမီးကို ပွေ့ချီပြီးချော့မြူရသည်....

ဆရာမကြီးပြောတာကတော့ ဒီလို စိတ်ကျ
ရောဂါမျိုးက ကလေးမွေးပြီး မိခင် ဆယ်
ယောက်မှာ တစ်ယောက်က ခံစားရလေ့ရှိတယ်တဲ့....

ထင် မီးတွင်းထဲကထွက်ရင်တော့ ထင့်ကို အရင်လို အလုပ်ပြန်လုပ်ဖို့ သဘောတူ
မှဖြစ်မည် .... မဟုတ်ရင် သူ့ကို အမြင်
မကြည်ရာကနေ ထင်က သမီးလေးကိုပါ
သဘောမကျ ဖြစ်သွားနိုင်သည်.....

သမီးလေးကို လက်ထဲပွေ့ရင်း ချော့မြူနေတာ ဘယ်လောက်ကြာပြီလဲမသိ သူ့လက်တွေတောင်ထုံကျင်နေပြီဖြစ်သည်.....
သမီးကိုငုံ့ကြည့်တော့ အိပ်ပျော်သွားပြီဖြစ်သည်..... ဒါပေမဲ့ လက်ကမချရဲသေး
ပါ .... အခုလို ပြန်အိပ်ပျော်သွားခါစအချိန်တွင် လက်က ချလိုက်ပါက ချက်ချင်း လန့်နိုးသွားပြီး တော်တော်နဲ့
ပြန်မအိပ်တော့ပဲ တစ်ညလုံး ငိုပါတော့မည်.......

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now