🍀 အပိုင်း 19 🍀

12.2K 374 2
                                    

Unicode:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 19 🍀

လေးဘက်ထောက်ချင်နေပေမယ့်
မထောက်နိုင်သေးတော့ သူ့ကိုယ်သူ
အားမလို အားမရတွေဖြစ်ပြီး မွေ့ရာပေါ်
တဗုန်းဗုန်း ပြုတ်ကျနေသည့် သမီးငယ်
လေးကိုကြည့်ပြီး နေ့ရက် နောက်ကနေ သဘောတကျရယ်လိုက်မိသည်....

သူ့ရယ်သံကြားတော့ သမီးရဲ့ မျက်၀န်း
၀ိုင်း၀ိုင်းစူးစူးလေးတွေက သူ့ဆီဒိုင်းခနဲ
ဆိုသလိုရောက်လာပြီးတော့ အပေါ်နှုတ်ခမ်းပါးလေးက အထဲ၀င် အောက်နှုတ်ခမ်းလေးက ရှေ့ကို ဆူထွက်နေပြီး
သူ့ကိုရယ်ရပါမလားဆိုပြီး မကျေနပ်သည့်သဘောဖြင့် ဒေါသတကြီး ကိုယ်ကို ဆွဲလှန်ချလိုက်ပြီး ခြေထောက်လုံးလုံးကစ်ကစ်လေးတွေ အချင်းချင်းပွတ်ကာ အော်ငိုလေတော့သည်......

ထိုတော့မှ နေ့ရက်မှာ ကပြာကယာဖြင့်
သမီးလေးကို ကောက်ပွေ့လိုက်ပြီး ချော့ရတော့သည်......

"ဟာ .... ဟုတ်ပါပြီ သမီးလေးရယ် ... ဖေဖေမှားသွားပါတယ်နော်.... နောက်မရယ်တော့ပါဘူးဗျာ .... တကယ် နောက်
မရယ်တော့ပါဘူး "

"နေ့ရက် သမီး ဘာဖြစ်တာလဲ "

ပုံရိပ်က အလောတကြီး အခန်းထဲ ပြန်၀င်လာပြီး မေးတော့ နေ့ရက် သူ့အပြစ်သူသိကာ လည်ပင်းနား မယားသော်လည်း
ကုတ်လိုက်ပြီး .....

"လေးဖက်ထောက်တာ လဲကျသွားလို့ ငါကရယ်လိုက်မိတာ .... အဲ့တာကို ဒေါသတွေ ထွက်ပြီး အော်ငိုနေတာ "

"နင်ကတော့လေ..... အေး အေး တိတ်ပါ
သမီးရယ်...... ဖေဖေက ဆိုးလို့ ရယ်တာ
နော် .... မေမေ့သမီးလေးက လေးဖက်
ထောက်ဖို့လုပ်နေတာကို ..... အဲ့ဖေဖေက
လူဆိုး မေမေရိုက်လိုက်ပြီနော် အင့်ဟယ်
အင့်ဟယ် "

နေ့ရက်ရဲ့ ကျောပြင်ကို ပုံရိပ် အသံမြည်
အောင်ရိုက်ပြပြီး အပြစ်ပေးလိုက်မှ သမီး
လေးက အငိုတိတ်သွားသည်......

ပုံရိပ်ကသမီးကိုပြောင်းချီသွားတော့ သမီးက ပုံရိပ်ပခုံးပေါ် ခေါင်းလေးမှီသွားသည်.... ဒါကို နေ့ရက် နောက်ကနေ ပြောင်ပြတော့ သမီးက ဟိုဘက်ကို ခေါင်းလေးလှည့်သွားသည် ......

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now