🍀 အပိုင်း 20 - ပထမပိုင်း 🍀

14.2K 387 7
                                    

Unicode:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 20 (ပထမပိုင်း) 🍀

"ဘာ ..... ငါနားကြားလွဲတာတော့ မဟုတ်ပါဘူးနော် .... နင်ဘာပြောလိုက်တယ်
ပြန်ပြောနေ့ရက်ဆက် .... "

"အဲ့တားဆေးတွေကို ငါအားဆေးနဲ့ လဲထားခဲ့ "

စကားတောင်မဆုံးသေးဘူး .... ဖြောင်းခနဲဆိုသည့်မြည်သံတစ်ချက်နောက် နေ့ရက်ပါးတစ်ဖက် ပူခနဲ ဖြစ်သွားသည်......

"နင်နဲ့ငါနဲ့ ဒီနေ့ကစပြီး ပြတ်ပြီ "

"ထင်!!!! "

"ငါနင့်ကိုဆက်ပြီး သည်းမခံနိုင်တော့ဘူး..... လက်ထပ်လိုက်တဲ့ အချိန်ထဲက
ငါ့ဘ၀ကို နင်လိုသလို ချုပ်ကိုင်တယ်....
ငါအဆင်သင့် မဖြစ်သေးတဲ့အချိန်မှာ
ကလေးကို ရအောင်ယူပစ်တယ်....  အခုလဲ ဒုတိယအကြိမ် ငါ့ဘ၀တက်လမ်းကို ထပ် ပိတ်တယ်ပေါ့ "

"ထင် နင် အရမ်းကို တစ်မျိုးတွေ ထင်နေ
ပြီ .... အခု ငါ​လုပ်နေတာတွေက ငါတို့ မိသားစု အတူတူ "

"တော်စမ်းပါ ..... နင့်ပါးစပ်က မိသားစု
ဆိုတာကိုဆွဲမထည့်နဲ့..... "

ပုံရိပ်အဲ့လောက်ထိ ဒေါသထွက်တာမျိုး
နေ့ရက်တစ်ခါမှ မမြင်ဖူးခဲ့ပါ .....

"အဟွန်း ..... နင့်စိတ်ထဲမှာ ငါ့ကို ဒီမိန်းမ
အမြဲ ငါပြောတဲ့အတိုင်းနေ .... ငါပြော
တဲ့ အတိုင်းလုပ်မှာပါဆိုပြီး နင်တွေးနေတာမလား ..... နင်အထင်သေးခဲ့တာမလား....."

"ထင် "

"မခေါ်နဲ့ .... ငါ့နာမည်ကို နင့်ပါးစပ်က ​ထွက်လာတာကို မကြားချင်ဘူး .... နင်နဲ့ငါနဲ့ ပြတ်ပြီ ..... "

"ထင် .... မင်း အဲ့လို စကားကို လွယ်လွယ်မပြောနဲ့ .... အခုကိစ္စက "

"တော်တော့လို့ နင့်ကိုပြောနေတယ်လေ.... "

ပုံရိပ် အနားမှာရှိနေသောစားပွဲပေါ်မှ ပစ္စည်းတွေကို အကုန်တွန်းချပစ်လိုက်သည်......

ပုံရိပ်တို့ ၂ယောက်ရန်ဖြစ်သည့် အသံကြားတော့ သမီးလေးက အခန်း၀ဆီ ရောက်လာပြီး အော်ငိုပါတော့သည်....

"ဒီကိုယ်၀န် ရှိနေရင် ငါ့ကို တားဆီးပိတ်ပင်လို့ရမယ်လို့ နင်ထင်နေတာလား
နေ့ရက်ဆက် ..... အခုထဲက ပြောထား
မယ် .... ငါ ဒီကိစ္စကို လုံး၀ လက်ခံမှာ
မဟုတ်ဘူး ..... "

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now