🍀 အပိုင်း 22 🍀

12.6K 356 5
                                    

Unicode:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 22 🍀

မိုးသားကားမောင်းနေရင်း လေလေး
တချွန်ချွန်နဲ့ ပျော်နေမိသည်.....

ကားစီယာတိုင်ကို လက်တစ်ဖက်နှင့် ထိန်းကိုင်ရင်း ကျန်လက်တစ်ဖက်က အို့အို့လက်ကလေးကို ယူပြီး နမ်းရှိုက်လိုက်သေးသည်.....

"ကားကို သေချာမောင်းပါ မောင်ရယ်"

"သေချာမောင်းနေတယ်လေကွာ "

"ဘယ်မှာမောင်းလို့လဲ .... လက်ကို ကိုင်ထားပြီးတော့ "

"ပျော်လို့ မိန်းမလက်လေးကိုင်ထားတာပေါ့လို့ "

"မသေချာသေးဘဲနဲ့ ဘာလို့စွတ်ပျော်နေတာလဲ "

"ဘယ်မှာ မသေချာလို့လဲ .... ကိုယ်၀န်စစ်တဲ့အတံမှာ ဒီလောက်မျဥ်း၂ကြောင်းက ထင်ထင်ရှားရှားရှိနေတာကို.... "

"ဒါပေမဲ့ အဲ့ကိရိယာတွေက တစ်ခါတလေ မှားနေတတ်တယ်လေ ...."

"စမ်းသပ်တဲ့ကိရိယာတွေ မှားနေရင်တောင်.... မောင်ကတော့ မမှားဘူးကွာ..... မင်း ဆေးဖြတ်လိုက်တဲ့နေ့ကစပြီး မောင်ကြိုးစားထားတာတွေနဲ့ဆို အနည်းလေး မင်းဗိုက်ထဲက ကိုယ်၀န်က
၆ပတ်ကနေ ၈ပတ်အတွင်းမှာပဲ.... "

"မောင်နော် ဘာစကားတွေ ပြောနေတာလဲ..... "

အိမ်ထောင်သက်အခုချိန်အထိ မောင် များ တခုခုကို ဘွင်းဘွင်းရှင်းရှင်းကြီး ပြောလိုက်ရင် ပုံရိပ်မှာ ရှက်နေရတုန်း ဖြစ်သည်......

"ဟုတ်တယ်လေ .... အခုမောင်တို့ဆေးရုံကို သွားနေတာ မင်းကိုယ်၀န်ရှိမရှိ သေချာအောင်သွားစစ်ဆေးမှာမဟုတ်ဘူး.....မင်းဗိုက်ထဲကိုယ်၀န် ဘယ်နှပတ်
ရှိပြီလဲ ဆိုတာ သေချာအောင်သွားစစ်ဆေးမှာ ..... "

Maldives က ပြန်လာပြီးထဲက နောက်ထပ် ကလေးတစ်ယောက်ယူရန် တတွတ်တွတ်ပူဆာနေသော မောင်
တစ်ယောက်ကြောင့် အို့အို့ နောက်ဆုံး
မငြင်းနိုင်ပဲ ကလေးယူဖို့ သဘောတူ
လိုက်ရသည်......

မနေ့ကမှ ရာသီသွေးမပေါ်လာတာကို
မသင်္ကာလို့ စစ်ကြည့်လိုက်တော့ တကယ်ပဲ ကိုယ်၀န်ရှိနေသည်....

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now