Ep.33 (final Ep)

4.1K 235 80
                                    

Young: ဘု...ဘု...ရင်...မ

ယောင်းက အံအားသင့်စွာ တုန်တုန်ရီရီခေါ်လိုက်တော့ ဘုရင်မက ပြတ်ရှနေသော အကြည့်တွေဖြင့်.....

Ni: အင်း တို့ပါ

ကချေသည်လေးသည် စစ်တိုက်ထွက်တော့မလို လက်နက်အပြည့်အစုံဖြင့် စစ်သူကြီးတွေ ရဲမက်တွေကိုကြည့်ကာ တော်ဝင်ကချေသည် နုနုရွရွလေးမလို့ ကြောက်လာခဲ့သည်.....

ဘုရင်မသည် ကချေသည်လေးဆီက သခင်မလေးကိုပြန်တောင်းဖို့ စစ်ကိုတကယ်ပင်ချီလာခဲ့သည်....ဒီကချေသည် တယောက်တည်းကို ရင်ဆိုင်ဖို့အတွက် ဘုရင်မကိုယ်တိုင်လည်း သွေးရူးသွေးတန်း ဖြစ်နေခဲ့သည်.....

Ni:li ငယ်လေးကော...

Young: မသိဘူး..

Ni: ဘုရင်မကို ဗြောင်လိမ်နေတာဘဲ...

ယောင်းတွင်ပြောကြစရာစကားလုံးမရှိခဲ့.......

Ni:မင်းပြောတော့ငြင်းပါမယ်ဆို...တို့စိတ်ချမ်းသာဖို့အတွက် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားငြင်းပါမယ်ဆို.....

Young: ကျမငြင်းခဲ့ပါတယ်...

Ni: လိမ်​တာ...

Young: မလိမ်ခဲ့ပါဘူး...

Ni:သေရမှာကို မကြောက်ဘူးလား...ယောင်း

သေရမှာထက် လူအုပ်ကြီးက မြားတွေနဲ့ချိန်ထားကာ ဘုရင်မကိုယ်တိုင်ကလည်း အေးတိအေးစက် ကြောက်စရာစကားကိုဆိုနေတာကြောင့် ဒီအခြေအနေကိုပိုကြောက်ပါတယ်...

မတည်မငြိမ်ဖြင့် အကြောက်လွန်သောအခြေအနေမှာ ယောင်းသည်ခြေလှမ်းလေးတွေကို နောက်ပြန် တလှမ်းနှစ်လှမ်းဆုတ်သွားခဲ့ပြီး တဲ့နောက် ဖြစ်ချင်ရာဖြစ်ဆိုပြီး ကျောခိုင်းထွက်ပြေးမိလိုက်တဲ့အချိန်....

Ni: မပစ်နဲ့!!!

ဘုရင်မရဲ့ကျယ်လောင်စွာသောအသံသည် မြားအရှိန်ကိုမတားဆီးနိုင်ခဲ့ချေ.....ဘုရင်မရဲ့ကိုယ်ရံတော်ဖြစ်လာပါပြီဆိုကတည်းက သိပ်တော်လွန်းသူတယောက်ဖြစ်ရမည်....တွေ့ရင်အရှင်မထားနဲ့ တခါတည်းသတ်ဟူသောအမိန့်ကိုနာခံလျက်...တန်းမတ်နေသောလက်သည် အဖြူရောင်ပုံရိပ်ထွက်ပြေးသွားသည်နှင့် လက်စွမ်းပြလာခဲ့သည်....

Last Tear (Season 1)Where stories live. Discover now