Episode-29

3.1K 342 68
                                    

♡Unicode version♡


စီးလာသည့်ကျောင်းဖယ်ရီကားကြီး တက္ကသိုလ်ရှေ့ထိုးရပ်လိုက်တာနဲ့ရိပေါ်ကျောပိုးအိပ်လေးလွယ်ပြီးအစောတလျှင်ပြေးဆင်းလိုက်မိတယ်။ပထမဆုံးနှင်းကျတဲ့ညမှာလည်းလာမတွေ့သလို ကျောင်းပိတ်ရက်တလျှောက်လုံးအဆက်သွယ်လုပ်မလာသည့်အကို့ကို ရိပေါ်အမြန်တွေ့ချင်လှပြီ။အရမ်း အရမ်းစိတ်ပင်ပမ်းအောင် ပစ်ထားရကောင်းလားဆိုပြီး အကို့ရင်ခွင်ထဲဝင်ကာ နာနာလေးထုရိုက်မေးချင်ပါသေးတယ်။

"ရိပေါ်!..."

ကားဗိုက်ထဲကluggageအိပ်ကိုထုတ်ကာအနားယူလာပေးသည့်ဖေရှီးကိုခေါင်းတချက်ငြိမ့်ပြလိုက်ပြီးအဆောင်ဘက်ခပ်သွပ်သွပ်လေးလှမ်းခဲ့လိုက်တယ်။ရိပေါ်စိတ်ဝိဉာဥ်ကတစုံတခုကိုအကြီးအကျယ်စိုးထိတ်နေသလို တွေးထားသလိုရှောင်းကျန့်ကိုသာထပ်မတွေ့ရတော့ရင် ချက်ချင်းပြိုလဲသွားလောက်တယ်။

ကျောင်းပိတ်ရက်ရှည်မို့အဆောင်မှာခါတိုင်းအချိန်ထက်လူခြေတိတ်နေပြီးရှောင်းကျန့်နဲ့ရိပေါ်နေသည့်အဆောင်ခန်းလေးကတော့ယခင်အတိုင်း105ဆိုသည့်နံပါတ်ပြားလေးချိတ်ဆွဲထားဆဲ။ဖန်းဝေကောပါအိမ်ပြန်သွားတယ်သိထားတာမို့ဒီရက်ပိုင်းအကို့အကြောင်းသိချင်တောင်ရိပေါ်ဘယ်သူ့ကိုမေး၍ဘယ်လိုအားထုတ်ရမှန်းမသိခဲ့ပါ။

"ဟင်!..."

အဆောင်ရှေ့အရောက်စက္ကူပုံးတချို့အားကားနောက်ခန်းထဲထည့်နေကြသည့်လူနှစ်ယောက်။ခဏတွင်းချင်းပြီးစီးသွားပုံမောင်းထွက်သွားပြီဖြစ်သည့်ထိုကားသည်ကျောင်းအပြင်ဘက်သို့ဦးတည်လျှက်။ထူးဆန်းသည့်အခြေနေမို့ရိပေါ်ခဏမျှရပ်ကြည့်နေမိပြီး မြင်ကွင်းထဲမှထိုကားပျောက်ကွယ်သွားမှအဆောင်ထဲဝင်လာလိုက်တယ်။

*ဂျလောက်!*

"အကို!..."

အဆောင်ခန်းတံခါးတွန်းဖွင့်ဝင်လိုက်သည်နှင့်ရိပေါ်ကိုဆီးကြိုနေသည်က ပြောင်ရှင်းနေသည့်ရှောင်းကျန့်၏ကုတင်တဖက်ခြမ်း။သူအခန်းမှားဝင်မိတာလား။ထိုသို့မဟုတ်ကြောင်းရိပေါ်အသေအချာသိနေသည်။ဒါပေမဲ့ အဲ့အတိုင်း အခန်းမှားနေတာပဲဖြစ်ပါစေ။မျက်လုံးစုံမှိတ်ဆုတောင်းပြုပြီးတဲ့အခါ ခပ်ကြောင်ကြောင်ဆုတောင်းလေးမပြည့်ခဲ့သလို ရိပေါ်ခန္ဓာငယ်ဟာကြမ်းပြင်ပေါ်သို့ရုပ်ကြိုးပျက်ထိုင်ကျသွားတယ်။

LOVE ME,OK![Complete]Where stories live. Discover now