Chapter....45

9.8K 587 27
                                    

အခန်းငယ်လေးသာဖြစ်ပေမဲ့ သေသပ်တယ်
လည်းမဆိုသာသလို ဟောင်းနွမ်းတဲ့အခန်း
ကျဥ်းလေးဟုလည်း မခေါ်နိင်တဲ့ အခန်းပတ်
ဝန်းကျင်ကို အခန်းပေါက်ဝမှာပင် ခြေလှမ်း
တွေရှေ့ဆက်မတိုးနိင်သေးဘဲ ခတ်လေ့လာ
မိနေသည်...။

ဒီနေရာ ဒီပတ်ဝန်းကျင်က ခတ်နဲ့လုံးဝမသက်
ဆိုင်တဲ့ သူရှိနေဖို့တောင်မဖြစ်သင့်တဲ့နေရာ
တစ်ခု...သို့ပေမဲ့ သူကိုဖမ်းခေါ်လာတဲ့ သူတွေ
ရဲ့ပြောဆိုမူတွေကို တွေးကြည့်ပါက အသက်
ကဒီပတ်ဝန်းကျင်မှာကြီးပြင်းခဲ့သည်လား...။

သူရဲ့ဂရုစိုက်မူပေါ့လျော့မူကြောင့် ကိုယ့်
ညီလေးတစ်ယောက်ကိုတောင်မကာကွယ်မ
ကယ်နိင်ခဲ့သည့် ခပ်ညံ့ညံ့လူတစ်ယောက်အ
ဖြစ် ခံယူရင်း အသက်ကိုပြန်မတွေ့ခင် ဘဝ
တစ်လျှောက်လုံးကိုယ့်ကိုကိုယ်အပြစ်ပေးရင်းဖြတ်သန်းခဲ့ရရင်လုံလောက်ပြီမလား...။

ဒီနေရာ ဒီလိုနိမ့်ကျတဲ့ဘဝမှာ အသက်ကကြီး
ပြင်းလာရတယ်ဆိုရင်တော့ သူကိုယ်သူခွင့်မ
လွှတ်နိင်စရာတွေဖြစ်ကုန်တော့မည်လေ...အ
သက်ကိုထိုသို့ဖြစ်အောင်လုပ်ခဲ့သူတွေကိုလည်း နာနာကျင်ကျင်ပြန်လည်တုန့်ပြန်ချင်မိ
သည်....စူးနစ်စွာ နက်နဲ့လာတဲ့ခံစားချက်တွေ
ကြောင့် ရင်ဘတ်ကို မြဲမြံစွာဆုပ်ကိုင်ရင်း
မျက်ရည်များမကျအောင် အောက်နှုတ်ခမ်း
ကိုတင်းအောင်ကိုက်ထားလိုက်လေသည်....။

အခန်းရှေ့က တဒုန်းဒုန်း ဖြင့်တံခါးထုနှက်
နေသောအသံကြောင့် ခတ် အခန်းတံခါးကို
ဖွင့်လိုက်လေသည်....။

"လူသစ်က ချောတယ်ချီးမွန်းနေကြလို့လာ
ကြည့်တာ...အဟတ်...ပုံမှန်လောက်ပါဘဲ...
ငါကသက်သက်စိတ်ပူမိခဲ့တယ်ထင်တယ်..."

ခတ်ကိုကြည့်ပြီး ခနဲ့သောစကားများဖြင့် လှောင်ပြောင်သလိုပြောနေပေမဲ့ ခတ်ကလှ
သည်ဆိုတာတော့ အမှန်ပင်ဖြစ်လေသည်...။

သို့ပေမဲ့ ပြိုင်ဘက်ကို အားနည်းချက်ကိုမသိရှိ
စေရန် ဖုံးကွယ်ထားရမည်က အဓိကအချက်
ပင်မဟုတ်လား...။

"မင်းကယူကီထင်တယ်...ဒီကလူတွေပြောပြော
နေကြတာနဲ့ မကြားချင်ဘဲကြားနေရတာလေ
အခုငါ့အခန်းရှေ့ထိလာတာ...ငါ့ကိုအရေးမပါ
တဲ့စကားတွေပြောချင်တာကြောင့်လား..."

ကကြိုးရုပ်[ Complete ]Where stories live. Discover now