Part-96(အဟွန်း! အဆိုးလေးကိုဖမ်းမိပြီ)

16.7K 1.7K 116
                                    

(Zawgyi)🍀🍀🍀🍀


Part-96
(ကိုယ်..ချစ်သော clover..!!..)

အဖြူနှင့်အနက်ရောင်ကိုတွဲဖက်ဝတ်ဆင်ထားသော
ဝန်ထမ်းကောင်လေးလာပို့သည့် အစားအသောက်
အမျိုးစုံပါသော တွန်းလှည်းလေးကို လက်ခံလိုက်ရင်း
ရွက်စိမ်းနှင့်တိမ်ငယ် တစ်ယောက်မျက်နှာ တစ်ယောက်
ပြိုင်တူ ကြည့်လိုက်ကြသည်။

ဒါက တိမ်ငယ်နှင့်ရွက်စိမ်းအတွက် သုံးရက်အတွင်း
၅ကြိမ်မြောက်လက်ခံရခြင်းဖြစ်၏။ ယခုလိုဝန်ဆောင်
မှုများပေးနေသော တည်းခိုခန်းငယ်လေး၏ စီးပွားရေးကိုသူတို့တစ်ကယ်ကိုစိတ်ပူမိသည်။ အမြတ်ရောကျန်
ပါ့မလား?..။

ဝန်ထမ်းအစ်ကိုကြီးက အရင်အကြိမ်များကဲ့သို့ပင်
တူညီသောစကားကိုပြောလာပြီး အရင်ထက်ပိုကာ
ချောမွေ့စွာပြောလာနိုင်သည်။

"ကျွန်တော်တို့ရဲ့ပုံမှန်ဝန်ဆောင်မှုလေးမို့ စိတ်အနှောင့် အယှက်မဖြစ်ဘဲလက်ခံပေးပါ လူကြီးမင်းတို့.."

"အာ..ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ"

နှစ်ယောက်သားကျေးဇူးတင်စကားပြောလိုက်တော့
ဝန်ထမ်းအစ်ကိုကြီးကဖော်ရွေစွာပြုံးကာ မလိုကြောင်း နှင့် သူတို့ကသာ လာရောက်တည်းခိုပါသောကြောင့်
ကျေးဇူးတင်မိကြောင်းပြောပြီး ရိုကျိုးသောအမူအရာ
အပြည့်ဖြင့် ရွက်စိမ်းနှင့်တိမ်ငယ်ကိုနှုတ်ဆက်ကာပြန် သွားသည်။

ဝန်ထမ်းအစ်ကိုကြီးယူလာသော အစားအသောက်များမှာ တစ်ရက်နှင့်တစ်ရက်မတူပေ။ရှေ့ရက်များတွင်တော့
အရသာကောင်းလွန်းသော ဒေသထွက်အစားအစာများယူလာပြီး အလတ်ဆတ်ဆုံး အသီးအနှံများလည်းပါ
သည်။

ယခုတစ်ကြိမ်ယူလာသော အစားအစာများမှာတော့အသားကိုဦးစားပေးကာ ပြင်ထားသည်။ဟင်းတစ်ပွဲ
ဆိုလျှင်အသားကို မီးမြှင်းမြှင်းဖြင့်ကင်ထားပုံရပြီး
သံပုရာရည်အနံ့လေးနှင့် အသားကင်အနံ့က
ကလေးနှစ်ယောက်ကိုသွားရေများရိုအောင်လုပ်နေ
သည်။

နောက်ဆုံးတွင် ကလေးနှစ်ယောက်လုံးသည် အလွန်
မွှေးပျံ့သောအသားဟင်းရာများ၏ စွဲဆောင်မှုကိုမခံနိုင်
တော့ဘဲ စားသောက်ရန်ပြင်ကြတော့သည်။

Clover your'e my clover[Completed]Where stories live. Discover now