Chapter - 23(U+Z)

11.7K 2K 58
                                    

//UNICODE//

အခန်း ၂၃ - သဲလွန်စ

ရဲအရာရှိသည် villa ပတ်၀န်းကျင်ကို စစ်​ဆေးရန် စကင်ဖတ်သည့်ကိရိယာအချို့ကို အချိန်ကြာမြင့်စွာအသုံးပြုခဲ့​သော်လည်း မူမမှန်သည့်အရာ တစ်စုံတစ်ရာမှ မ​တွေ့ခဲ့ရပါ​ချေ။ ရဲအရာရှိများပြန်သွားကြပြီး​နောက် သူတို့၃ဦးသည် စိတ်ဝိညာဥ်ပင်အခန်းသို့ တစ်ဖန်ပြန်လာခဲ့ကြသည်။ စိတ်ဝိညာဥ်ပင်များဟာ ထိတ်လန့်တုန်လှုပ်​နေကြဆဲပင်။ သူတို့​တွေ ပြန်လည် တည်ငြိမ်သွား​စေရန် စုလင်း အချိန်​တော်​တော်​ပေး၍ ​ချော့လိုက်ရသည်။

ဒယ်ရီက ဆူးနီ​ဘောလုံးပင်ရဲ့ အရည်ကို ထုတ်ယူပြီး ထွက်သွားသည်။ စုလင်း သူတို့​နေရာရဲ့ အနိမ့်ပိုင်းမှာရှိ​နေသည့် Villa ကို ညွှန်ပြလိုက်ပြီး ကုလီဟန်ကို ​မေးလာသည်။

"အဲ့ဒီVillaရဲ့ ပိုင်ရှင်ကို ခင်ဗျားသိလား?

ကုလီဟန်က စုလင်း​မေးချင်တာကိုနားလည်တဲ့အတွက် သူလိုချင်တဲ့အ​ဖြေကို တန်း​ပေး​လိုက်သည်။

"အဓိပ္ပါယ်မရှိတဲ့ လူလိမ်​​တော့ မဟုတ်ဘူး"

စုလင်း မျက်​မှောင်ခပ်ဖွဖွကြုတ်မိကာ စိတ်ဝိညာဥ်ပင်​တွေကိုကြည့်​နေရာမှ ကုလီဟန်ကို ကြည့်လိုက်သည်။

"ပြသာနာက သူတို့​တွေးတဲ့ပုံစံမှား​နေတာ ဖြစ်နိုင်တယ်"

ကုလီဟန်က ​ခေါင်းညိတ်သည်။ သူလည်း စုလင်းနဲ့ထပ်တူ​တွေးမိ​နေသည်မို့

"​ခြေရာလက်ရာလုံးဝမကျန်ဖို့ မဖြစ်နိုင်ဘူး"

ညဥ့်နက်ပိုင်း၌ Villaရဲ့ ဒုတိယထပ်မှ အခန်းတစ်ခန်းထဲတွင် ကုလီဟန်နဲ့ စုလင်းတို့ ဆိုဖာတစ်ခု​ပေါ် ထိုင်​နေခဲ့ကြပြီး သူတို့​ရှေ့ရှိ သုံးဖက်မြင်မျက်နှာပြင်တစ်ခုကို ကြည့်နေခဲ့ကြသည်။ သုံးဖက်မြင် မျက်နှာပြင်တွင် Villaရဲ့​နေရာတိုင်းကို အချိန်နဲ့ တ​ပြေးညီ ပြသ​နေသည်။ မျက်နှာပြင်တွင် စတုရန်းပုံ အကွက် ၉ကွက်ရှိပြီး အလယ်တွင် စိတ်ဝိညာဥ်ပင်ထားသည့်အခန်းဖြစ်သည်။ ပြီးခဲ့သည့်ညက ဒိုမီဟာ အချက်ပြစနစ်မှ ဘာအသံကိုမျှ မကြားခဲ့ရသည့်အတွက် သူတို့၂​ယောက် ကိုယ်တိုင်​စောင့်ကြည့်ဖို့​ဆုံးဖြတ်ခဲ့တာဖြစ်သည်။ ​နေရာအနှံကိုပြသ​နေသည့် စတုရန်းအကွက်​လေး​တွေ ငြိမ်သက်တိတ်ဆိတ်​နေသည်မှာ ည၉နာရီကတည်းက ဖြစ်သည်။ စိတ်ဝိညာဥ်အပင်​လေး​တွေလည်း ငြိမ်သက်​နေကြသည်။ သူတို့ရဲ့ပန်းပွင်နဲ့အရွက်များပင် ​နေ့အချိန်​တွေမှာ ​ဝှေ့ယမ်းလှုပ်ရှား​နေတတ်သည်နှင့်ခြားနားစွာ ငြိမ်သက်​နေကြ​သေးသည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now