Chapter-25(U+Z)

11.1K 2K 182
                                    

//UNICODE//

အခန်း ၂၅ - ဝန်ခံခြင်း(part 1)

မဆိုင်းမတွဘဲ စုလင်း သူတို့နှစ်ယောက်ဆီ အမြန်ပြေးလာသည်။ ထိုလှုပ်ရှားမှုကြောင့် ဆိုဖာဘေးမှ ထိုနှစ်​ယောက်က သူ့ကို ချက်ချင်းသတိပြုမိသွားသည်။

စုလင်းကို မြင်လိုက်သည့်အခါ ကုလီဟန် မှင်သက်သွားရသည်။ ဒီ​ကောင်ငယ်​လေးဟာ အမြဲတမ်းပြုံး​နေတတ်သည့်အတွက် ယခုလို ​ဒေါသတကြီး စိတ်ဆိုး​နေသည့်ဟန်ကိုမြင်ရတာ ဒါပထမဆုံးပင်။

​ကျောင်းချီဟာ ထိုအချိန်တွင် မူး​ဝေ​နေခဲ့သည်။ သူဟာ သူ့ကိုယ်သူ ဖိအား​ပေးပြီး Estrus ဖြစ်လာ​အောင် ​ဆေးဝါး​တွေ ထိုးသွင်းခဲ့တာ​ကြောင့်ဖြစ်သည်။ စုလင်းကို မြင်လိုက်သည့်အချိန်တွင် သူ့မျက်လုံး​တွေ ပြူးကျယ်သွားသည်။

"မင်း ဘာလို့ ဒီမှာ ရှိ​နေတာလဲ?"

​ရေခဲတမျှ​အေးစက်​နေသည့် အမူအယာနှင့် စုလင်း လက်ဆန့်ပြီး ကုလီဟန်ကို တွယ်ချိတ်​နေတဲ့​ကျောင်းချီရဲ့ ဘယ်ဘက်လက်ကို ဆွဲချလိုက်သည်။ ​ကျောင်းချီ ဘယ်​လောက်ပဲ ကြိုးစားရုန်းကန်​နေပါ​စေ ခိုင်မြဲ​နေ​အောင် ဆုပ်ကိုင်ထားခြင်းခံခဲ့ရပြီး တံခါးဝဆီအထိ ဆွဲထုတ်ခံလိုက်ရသည်။ ထိုအကြမ်းပတမ်း အင်အားက သူ့ကို ပိုမူးလာ​စေပြီး ယိမ်းယိုင်လာခဲ့သည်။ သူ အသက်ရှုကြပ်​နေခဲ့ပြီး ရုန်းကန်ဖို့ကြိုးစား​နေ​ပေမယ့် လုံးဝကို မစွမ်းသာ​ပေ။ ရုတ်တရက် သူ့ဒူးများ ​ပျော့​ခွေသွားပြီး သူ့ခန္ဓာကိုယ်က ​ရှေ့ကိုငိုက်ကျကာ စုလင်းကို ​ဆောင့်မိသွားသည်။ ​ကျောင်းချီရဲ့ ​ဆောင့်တိုက်မှုက ခွန်အားကင်းမဲ့​နေ​သော်လည်း စုလင်းရ့ ခန္ဓာကိုယ်က လူတစ်ဦး၏အ​လေးချိန်ကို သယ်​ဆောင်ထားရဆဲဖြစ်​နေသည်။ ထို့​အပြင်က စုလင်းက အရမ်းကို မြန်မြန်​လျှောက်​နေခဲ့တာဖြစ်သည်။ အဲ့ဒါ​ကြောင့် ​ကျောင်းချီက သူ့ကို ဝင်​ဆောင့်မိချိန်တွင် စုလင်း​ခြေ​ထောက်​တွေ မမြဲနိုင်​တော့ပဲ သူလည်း ​ရှေ့ကို ယိုင်ထိုးသွားပြီး ​ကျောင်းချီလက်ကို လွှတ်လိုက်ရသည်။

တစ်ဖက်မှ​ ကျောင်းချီသည်လည်း သူ့ကို ထိန်းထားသည့် အ​ထောက်အပံ့ မရှိ​တော့သည့်အတွက် ​မြေပြင်​​ပေါ် လဲကျသွားသည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now