Part 30*

45.6K 3.3K 30
                                    

ထွဋ်ခေါင်စိတ်ကျေနပ်သည်အထိ သီဟက ဆေးရုံမှာနေပေးခဲ့သည်။ ထွဋ်ခေါင်ရဲ့ခွင့်ပြုချက်နဲ့အတူ အိမ်ပြန်ရောက်ပြီဖြစ်ပေမယ့် အလုပ်မလုပ်ခိုင်းပေ။

" သဲငယ် ပင်ပန်းတာမောင်မကြည့်ရက်လို့ပါကွာ "

" ငါပင်ပန်းတာမကြည့်ရက်ရင် ငါ့ဘေးမှာအေးဆေးနေ၊ အဲ့တာက ငါပင်ပန်းတာကိုပျောက်စေတယ်"

" သဲငယ်က ပြောရဆိုရခက်တယ်ကွာ "

" မောင်! "

" အင်းအင်း မပြောတော့ဘူး သဲငယ်အဆင်ပြေရင်ပြီးရော "

တကယ်လည်းဆက်မပြောဖြစ်တော့ပါ။ ချစ်ရသူရဲ့ဒေါသက တော်ရုံတန်ရုံပြေသွားမယ့်အထဲမပါ။ ထစ်ခနဲ့ရှိ ဒေါသထွက်တတ်သူကြောင့်သတိထားနေရ၏။

" ငါ ညနေ ညစာစားပွဲတက်စရာရှိတယ် "

" အင်း မောင်လည်းလိုက်မယ် "

" မလိုက်နဲ့ ငါတစ်ယောက်တည်းသွားမှာ "

" မရဘူးနော် မောင်ခွင့်မပြုဘူး "

" မောင်! "

" သဲငယ်ကွာ မောင့်ကိုအဲ့လိုခေါ်ခေါ်ပြီး မချုပ်စမ်းနဲ့၊ မောင်ခံနိုင်ရည်မရှိဘူး "

ငြီးတွားသလိုပြောလာတဲ့ မောင့်အသံကြောင့် ထွဋ်ခေါင် ပြုံးမိပြန်သည်။ မောင့်ကြောင့်ပြုံးမိတဲ့ အခိုက်အတန့်တွေတော်တော်ကိုပင်များနေခဲ့ပြီ။

မျက်နှာလေးတစ်ချက်ညှိုးတာနဲ့ပြာပြာသလဲဖြစ်ကာအလျှော့ပေးနေတတ်တဲ့ချစ်ရသူဟာ တခါတလေမှာ ကလေးလေးတစ်ယောက်လိုချွဲနွဲ့တတ်သေး၏။

သူမကြိုက်တဲ့အရာတွေလုပ်နေခဲ့ရင်တောင် လူကြီးတစ်ယောက်လိုဆုံးမပြီး နားထဲမဝင်ဝင်အောင်လည်းပြောတတ်သေးသည်။ မောင်ကချစ်လို့ဆိုတဲ့စကားနဲ့သာ နှစ်သိမ့်နေတတ်တဲ့သူက အချိန်အကြာကြီးအချစ်တွေရဖို့စောင့်ဆိုင်းခဲ့ရသည်ဆိုတာသိသာလှ၏။

" ဒီတစ်ခါတော့ ရှိုင်းသန့်ကိုပါ ခေါ်သွား "

" အင်း "

" စောစောလည်းပြန်ခဲ့ "

" အင်း "

" အများကြီးမသောက်နဲ့ "

မောင့်မူပိုင် (Completed) Where stories live. Discover now