အပိုင်း (၇၇၉) - သူမခန္ဓာကိုယ်အကြောင်းအား သိရှိခြင်း

1.9K 269 1
                                    

Zawgyi


ကျန်းကျူကျိ ကြည့်ကောင်းနေသည်မှာ ရှားသဖြင့် စုရှောင်ရှောင်မေး လိုက်သည် "အစ်ကိုက ဘယ်လို သိတာလဲ"

"ဆရာောတင်မဖြေရှင်းနိုင်ဘူးဆိုတော့ သူအရင်ဆုံးလုပ်မှာက ကျောင်းအုပ်ကြီးယွမ်ကိုရှာမှာပဲ" ကျန်းကျူကျိ ပြောလိုက်သည် "အဲဒီတစ္ဆေေ ရာင်ဝါက ဘယ်လိုလဲ"

"အဲတုန်းက ကျွန်တော်တို့မရှိကြဘူး အဲဒါကြောင့် ကိုယ်တိုင်မတွေ့လိုက်ရဘူး" ရှီမာယူရန် ပြောလိုက် သည် "အဲဒီတစ္ဆေရောင်ဝါက ကျွမ်းကျင်သူအများကြီးကိုဖြတ်ကျော်ပြီး သူ့ခန္ဓာကိုယ် ထဲဝင်သွားတယ်လို့ ကြားတယ်၊ အဲဒီတစ္ဆေရောင်ဝါက ယူယူ့ကို ရည်ရွယ်ချက်ရှိရှိလုပ်တယ်လို့ ထင်တယ်"

"ရည်ရွယ်ချက်ရှိရှိဟုတ်လား" စုရှောင်ရှောင်သည် မျက်မှောင်ကြုတ် လိုက်သည် "တစ္ဆေလောကက အရာတွေက အမြဲတမ်း မေးခွန်းထုတ်စရာ ဖြစ်ခဲ့တာ၊ အဲဒါသာ တကယ်ပဲယူယူ့ကိုရည်ရွယ်ချက်ရှိရှိနဲ့လုပ်တယ် ဆိုရင် ပြဿနာရှိတယ်"

"ဆရာက ကျောင်းအုပ်ကြီးနဲ့ရှိနေတယ်ဆိုတော့ ငါတို့လည်းသွားကြ တာပေါ့" ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

"ကျွန်တော်တို့လည်းလိုက်ခဲ့မယ်" ဖက်တီးကျူသည် ရှေ့တိုးကာ ပြောလိုက်သည်။

သည်လိုနှင့် သူတို့အဖွဲ့သည် ကျောင်းအုပ်ကြီးနေရာ ခြံဝန်းသို့သွား လိုက်သည်။ ထိုခြံဝန်းသည် တောင်ခြေတွင် ရှိသည်။

သူတို့နီးလာသည်နှင့် အပြင်မှ အတားအဆီးစွမ်းအင်လှိုင်းတစ်ခုကို ခံစားမိသည်။ သူတို့သည် ခြံဝန်း အနီးအနားပင် သွားမရပေ။

"ကြည့်လိုက်" စုရှောင်ရှောင်သည် ပြောရင်းနှင့် ယွမ်ရှောင်ဂျီ၏ အိမ်ခေါင်မိုးပေါ်သို့ ညွှန်ပြလေသည်။

အားလုံးကြည့်လိုက်ရာ အမှောင်စွမ်းအင်လှိုင်းများသည် ခေါင်းမိုးအပေါ် တွင် လွန့်လူးနေသည်။ ထိုစွမ်းအင်သည် ထွက်ချင်သော်လည်း အတားအဆီး ကပိတ်ထားသည်။

"ဒီမှာ သေဆုံးခြင်းရောင်ဝါ ဘာလို့အဲလောက်ထူနေတာလဲ" ကျန်းကျူကျိသည် ထိုသေဆုံးခြင်းရောင်ဝါကို မြင်သောအခါ သူ့မျက်စိသူ မယုံနိုင်လောက်အောင် တုန်လှုပ်နေသည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now