06

101K 8K 1.4K
                                    

အချိန်အတော်ကြာမောင်းနှင်ခဲ့ရသော အပြန်ခရီးက ထင်သလောက်တော့ပျော်စရာမကောင်းပေ။လမ်းတစ်၀က်တည်းကအိပ်ပျော်သွားသည့် လွန်းတာနေဆန်းက ယခုလည်းဆက်လက်အိပ်ပျော်နေဆဲဖြစ်သည်။ဟန်နရီက ကားကိုနေရာတကျရပ်ပြီးနောက် သူ့အိမ်ထဲသို့လှမ်းအကဲခတ်လိုက်၏။အိမ်မီးအစုံလင်းနေပုံအရ မာမီကသူ့အပြန်ကိုစောင့်ကြိုနေပုံရသည်။ယခုနေ အိပ်ပျော်နေသည့်လွန်းတာနေဆန်းအား ပွေ့ချီသွားပါက အိမ်မှမိန်းမပျိုလေးတွေနှင့်မာမီက သူ့အား အထူးအဆန်းဖြင့်အကဲခတ်တော့မှာဖြစ်၏။သို့ပေမယ့်
နှစ်ခြိုက်စွာအိပ်ပျော်နေသည့် ထိုကလေးအား လှုပ်နှိုးဖို့ဆိုတာလည်း သူ့အတွက်မဖြစ်နိုင်ပေ။

" မင်းက တော်တော်ဒုက္ခပေးတာပါလား "

တစ်ယောက်တည်းမကျေမနပ်ရေရွတ်ကာ ပြောဆိုရင်းလွန်းအား အသာအယာပွေ့ချီလိုက်၏။ထို့နောက် ဟန်နရီကတွေ၀ေခြင်းမရှိပါပဲ သူ့အိမ်ထဲသို့ တည်ငြိမ်စွာဖြင့်လျှောက်လှမ်းသွားသည်။

'သားရယ် မာမီတို့တွေကစိတ်ပူနေတာ...ဘယ်တွေသွားနေကြတာတုန်း'

'ရှုးးး....တိုးတိုးပြောမာမီ...သူနိုးသွားမယ်'

အလိုအလျောက်တုံ့ပြန်မိသည့် ထိုစကားက မာမီ့အပေါ်မည်သို့မည်ပုံ တွေးထင်သွားစေမည်ဆိုတာကိုမသိပေ။ယောကျ်ားချင်းမို့ သံသယမဖြစ်နိုင်ပါသော်လည်း အခြားတစ်ယောက်ကိုဂရုစိုက်ပြီး အလေးပေးနေပုံက မာမီ့အတွက်တော့
အနည်းငယ်ထူးဆန်းနိုင်ကောင်းပါရဲ့။

" သား "

" ကျွန်တော်ခရီးပန်းလာလို့ သွားပြန်အိပ်တော့မယ်မာမီ "

'အေ..အေးပါသားရယ်..Good nightနော်'

ကြောင်တောင်တောင်ဖြင့် ဧည့်ခန်းထဲတွင်ကျန်ခဲ့သောမာမီက သူ့အားမျက်စိတစ်ဆုံးလှမ်းကြည့်နေတာဖြစ်၏။

အိပ်မောကျနေတဲ့ကလေးကို ဟန်နရီသူ့ကုတင်ပေါ်မှာအသာချပေးလိုက်သည်...သူ့အခန်းထဲထိတော့လိုက်ပို့မပေးနိုင်ပါဘူး နိုးလာမှကိုယ့်ဘာသာပြန်ပေါ့..အာရုံလာနောက်အောင်လုပ်နေတယ် ဟန်နရီဆိုတဲ့ကောင်က စိတ်ရှုပ်ခံတာမဟုတ်

HANARY(S1+S2) Where stories live. Discover now