Preview

19.2K 1.5K 122
                                    

Unicode

အရာအားလုံး အေးချမ်းသွားပြီဟု သူထင်မှတ်ခဲ့ဖူးသည်။

အစ်ကိုတော်ဘရဏသူ ထီးနန်းရယူပြီးသည့်နောက် သူ​၏အတွေးနှင့်ဆန္ဒတို့မှာ ထင်ထားသည်ထက် ပို၍ရိုးစင်းခဲ့ဖူးသည်။

သူသည် ဘုရင်​၏လက်အောက်တွင် သစ္စာခံပြီး တိုင်းပြည်မှပေးသော တာဝန်ကိုထမ်းဆောင်မည်။ ထို့နောက် သူ​၏ချစ်သူယုဂန်နိုင်နှင့်အတူ အေးအေးချမ်းချမ်းနေထိုင်သွားမည်။

သို့ရာတွင်....
သူ​၏အတွေးနှင့်ဆန္ဒတို့ အချိန်ကြာကြာမငြိမ်းချမ်းလိုက်ရပါ။ အရာအားလုံးက သူထင်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်လာသည်။

" ဒီအခန်းထဲကနေ ခြေတစ်လှမ်းအပြင်ကျွံတာနဲ့ မင်းက ငါ့ရဲ့ဆန့်ကျင်ဘက်လူ ဖြစ်သွားပြီ...အရုဏ"

လျစ်လျူရှူခဲ့သည့် ဥတ္တရအရှင်​၏စကားတွေ။

တံခါးဘောင်ကို ကျော်လွန်ခဲ့သည့် ခြေတစ်လှမ်း​၏အနောက်တွင် အရာအားလုံးဟာ နောက်ပြန်ဆုတ်မရတော့။

သဘောထားကွဲလွဲခြင်း၏အနောက်တွင် များစွာသောအက်ကွဲကြောင်းများက သူနှင့်တော်ဝင်မိသားစုကို စည်းအလွှာခြားစေခဲ့သည်။

ဥတ္တရအရှင်ကို ပုန်ကန်သော မင်းသားအရုဏနှင့် အမတ်ယုဂန်နိုင်....

​ထို့နောက် ပုန်ကန်သူနောက်လိုက်ခဲ့သူ မင်းသား ပီယံမိတ်...

အင်း...ပုန်ကန်ခြင်းတိုင်းက မကောင်းတဲ့ဘက်ကိုဦးတည်တာမှ မဟုတ်ဘဲ။

ယုံကြည်ရာကို လျှောက်လှမ်းခဲ့သည့်အတွက် သူ့ထံတွင် နောင်တဟူ၍ ရှိမည်မဟုတ်။ နောက်ပြီး သူ့အနားတွင် ယုဂန်နိုင်ရှိနေသ၍ သူ့အတွက် လုံလောက်သည်ထက် ပိုလျှံနေပြီ။

" မောင့်ကို လက်ထပ်ပါ"

သူ ယုဂန်နိုင်နှင့်အတူ တစ်သက်လုံးနေထိုင်သွားရန် ဆန္ဒရှိသည်။

ဒီဆန္ဒကရော သူ့အတွက် မဖြစ်နိုင်ဘူးလား?

"ဒဏ္ဍာရီအရဆို နဂါးမင်းသားအလိုရှိတာက သိကာခယမင်းမျိုးဆက်ဖြစ်တဲ့ အစ်ကိုယုဂန်နိုင်ပဲ..."

The Everlasting One (volume 2 + 3 )Where stories live. Discover now