3.3(Z)

496 111 5
                                    


ချန်လီကောက ရီဟွိုင်ဆီကို လျှောက်လာသည်။သူကအစကတော့ ရီဟွိုင်ခေါင်းကို ပွတ်သပ်ပေးချင်ခဲ့ပေမယ့် အခုတော့ ရီဟွိုင်က သူ့ထက်အရပ်ရှည်နေသည်။ထို့ကြောင့် ရွေးချယ်စရာမရှိတော့ဘဲ ရီဟွိုင်ပုခုံးကိုသာ ပုတ်ပေးလိုက်ပြီး
ပြောလိုက်သည်။

"ရီဟွိုင် ဒီအိမ်ကလည်း မင်းရဲ့အိမ်ပဲနော်
မှတ်ထား"

ရီဟွိုင်က သူ့ကို တစ်ချက်ကြည့်ပြီးမှ ခေါင်းညိမ့်ပြလာသည်။

ချန်လီကောက ရှန်းယိုလင် အကြောင်းကို ရီဟွိုင်ကို တစ်ခါထပ်မေးပြန်သည်။သို့သော် ဒီနှစ်ယောက်ကြား ဘာတွေဖြစ်နေလဲသူ မသိခဲ့ဘူး။
အရင်က ဆက်ဆံရေးကောင်းတဲ့နှစ်ယောက်က
နှစ်နှစ်ကြာတဲ့အခါမှာတော့ သူတို့ကြားထဲမှာ
စည်းတွေခြားထားသလို ဖြစ်လာသည်။

သို့သော်လည်း အဆုံးမှာတော့ ရီဟွိုင်က ချန်လီကောထက် ပိုချောမောလာခဲ့သည်။
ချန်လီကောမေးသမျှအရာအားလုံးကိုလည်း
သူမဆိုင်းမတွ ဖြေလာခဲ့သည်။

ညရောက်တော့ ချန်လီကောနဲ့ ရီဟွိုင် ညစာတူတူစားနေပေမယ့် ရှန်းယိုလင်ကတော့ ဘယ်ရောက်နေမှန်းမသိပေ။

ရီဟွိုင်ကို ချန်လီကောက သေနတ်ပစ်နည်း
အဆင့်ဆင့်ကို သင်ကြားပေးသည်။ ပထမတစ်နည်းကတော့ သူက ရီဟွိုင်နောက်ကနေ အုပ်မိုး၍
ရီဟွိုင်ကို သေနတ်ပစ်တဲ့အခါ အနေအထား
ဘယ်လိုရှိရမယ်၊သေနတ်ကိုင်နည်း
စသည်တို့ပဲ ဖြစ်သည်။

ရီဟွိုင်ရဲ့ အပစ်အခတ်စွမ်းရည်က အလွန်အံ့အားသင့်ဖွယ်ကောင်းလှသည်။သူ့အနေအထားလေးတစ်ခုပဲ စံချိန်နှင့် မကိုက်တာ ဖြစ်သည်။ ချန်လီကောက သူ့ကိုအနေအထားတစ်ခုတည်း ၂နှစ်ကြာသင်ပေးပေမယ့်လည်း ဘယ်တော့မှ မအောင်မြင်ခဲ့ဘူး။

ဒီနေ့တော့ ချန်လီကောက ရီဟွိုင်လက်ကို အုပ်ကိုင်လျက် သင်ပေးနေသည်။

"ဘယ်လိုဖြစ်လို့ ထပ်ပြီး လိမ်နေရတာလဲ"

"လိမ်နေတာ"

ရီဟွိုင်က မေးလာသည်။

ချန်လီကောက ရီဟွိုင်လက်ကိုကိုင်ပြီး အနေအထားထပ်မှန်အောင် သင်ပေးလိုက်ပြန်သည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now