Synopsis

123K 4.7K 267
                                    

Unicode

'သူ၏ ရုပ်ရှင်နှင့်ပတ်သတ်သောအခွင့်အလမ်းများစွာသည် တပါးသူဖြတ်လုခြင်းကိုခံခဲ့ရသည်။ သူဟာ ပိုက်ဆံရှိ၊အရပ်ရှည်၊ရုပ်ချောသော စေ့စပ်ထားသူအား စွန့်ပစ်ခဲ့ကာ သူ့နောက်ကွယ်တွင်ဖောက်ပြန်နေသော ဆန်ကုန်မြေလေးဆီ သူ့ကိုယ်သူမြုပ်နှံထားခဲ့သည်။ နောက်ဆုံးတော့ ထိုဆန်ကုန်မြေလေး ရိုက်သတ်လို့သေဆုံးခဲ့ရသည်။'

သူပြောင်းရွေ့လာခဲ့တဲ့ ဒီ Danmei ဝတ္ထုထဲရှိ အမြောက်စာလေးက တော်တော်လေး ဒုက္ခများပြီး ဆိုးရွားစွာသေခဲ့သော်ငြားလည်း ဒါက သူဖောက်တဲ့လမ်းသူလျှောက်ခဲ့ရတာဟု ယန်းချင်းချီ ခံစားမိသည်။

ထို့ကြောင့် ယန်းချင်းချီ ဒီခန္ဓာကိုယ်ထဲ ရောက်လာတာနဲ့ ပထမဆုံးလုပ်ရမဲ့အရာသည် ဆန်ကုန်မြေလေးဖောက်ပြန်တာကို လက်ဝယ်ဖမ်းမိပြီး နောင်ကြဥ်အောင် ရိုက်နှက်ပစ်ရမည်ဖြစ်သည်။ ဒုတိယလုပ်ရမဲ့အရာကတော့ မျိုးရိုးမြင့်အထက်တန်းလွှာ စေ့စပ်ထားသူမှ တောင်းဆိုလာမည့် လက်ထပ်ပွဲအား လက်ခံရန်ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ယန်းချင်းချီ သူ့ဗိုက်သူငုံ့ကြည့်လိုက်မိသည်။

ဒါကြီးကဘာကြီးလဲ!!! ဘယ်သူသူ့ကိုဖြေပေးနိုင်မလဲ!!! သူ ယောကျ်ားလေးကိုယ်ဝန်ဆောင်နိုင်တဲ့ ဝတ္ထုထဲဝင်လာတာလို့တော့ လာမပြောနဲ့နော် ???

ဘေးမှာရပ်နေတဲ့ ဥစ္စာပေါရုပ်ချော ရုပ်ရှင်ဧကရာဇ်ကြီးကျန်းက သူ့ကိုဂရုတစိုက်လေးမေးလာခဲ့သည်။

'' ပေါင်ပေ့ မင်း ယောကျ်ားလေးလိုချင်လား မိန်းကလေးလိုချင်လား ''

ယန်းချင်းချီ : '' ငါဘာကိုလိုချင်တာ ??? ''

MC : Yan Qing Chi (ယန်းချင်းချီ)
ML : Jiang Mo Chen (ကျန်းမော့ချန်)
Status in coo: 191 chapters (+ 98 extras)
Author: Lin Ang Si

ဟုတ်ကဲ့ ဒါကတော့ ယောကျ်ားလေး ကိုယ်ဝန်ဆောင်နိုင်တဲ့ mpreg genre ပါ။ ဒါကြောင့် သဘောမကျရင် ကျော်သွားပေးပါ။

Main story 191 ပိုင်းပါပြီး extras က 98ပိုင်းတောင်ပါရှိပါတယ်။ ಥ‿ಥ

ကိုယ်ခွင့်ပြုချက်မရထားပါဘူး။ ဒါက အပျော်သဘောဘာသာပြန်တာပါ။ ဖျက်ဆိုဖျက်ပေးရမှာပါ။ ကိုယ်တော်တော်လေးသဘောကျမိလို့ ပြန်ဖြစ်တာပါ။ ကိုယ့်ဘာသာလည်းပြန်ဖတ်ရင်း သူများလည်းမျှဝေရင်းပေါ့။ ကိုယ်ရှာကြည့်သလောက်ပြန်ထားတဲ့သူမတွေ့မိဘူး။ ရှိရင်လည်းလာပြောပေါ့နော်။ ကိုယ်ဖျက်ပြီး သူများပြန်ထားတာဖတ်မှာပါ။ ကိုယ်ကအရမ်းပျင်းတဲ့လူမို့လို့ပါ။ 🤭

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now