ရှဲ့ဟယ်ရဲ့မျက်နှာတစ်ခုလုံး သွေးမရှိတော့သလို ဖြူဆုတ်နေတယ်။ပိန်ပါးဖျော့တော့နေတဲ့ခန္ဓာကိုယ်က လဲကျတော့မတတ်တုန်ရီနေပေမယ့် အကြည့်တွေကတော့ ကျိုးရိကျယ်ဆီမှာပဲ ကပ်ညှိနေတယ်။
စကားတစ်ခွန်းမှမဆိုဘဲ အပြန်အလှန်စိုက်ကြည့်နေကြတယ်......
ပထမဆုံး သတိဝင်လာ သူကတော့ ကျိုးရိကျယ်ဖြစ်တယ်။ဖိနှိပ်ထိန်းချုပ်ထားရတဲ့ နာကျင်မှုတွေက မျက်ဝန်းတွေထဲမှာ အရောင်တဖြတ်ဖြတ်လက်နေတယ်။နာကျင်နေဟန်နဲ့ ရှဲ့ဟယ်ကို ခေါင်းတစ်ချက်ညိတ်ပြလိုက်တယ်။
ရှဲ့ဟယ် မလှုပ်မယှက် ငြိမ်သက်နေပေမယ့် လက်သီးတွေကိုတင်းနေအောင်ဆုပ်ထားတယ်။သွားချင်းကြိတ်သံ တကျီကျီကြားနေရတဲ့အထိ အံကြိတ်ထားသေးတယ်။
ရုတ်တရက်ကြီး ကျိုးရိကျယ်နောက်ကိုပြေးလိုက်သွားပြီး နီရဲနေတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်လိုက်ပြီး.....
"ခင်ဗျား ဒီနေရာကို ဘာလာလုပ်တာလဲ??!!"
ကျိုးရိကျယ်ရဲ့ခြေလှမ်းတွေ ချက်ချင်းရပ်တန့်သွားတယ်။ခဏလောက်တုန့်ဆိုင်းနေပြီးမှ ဖြည်းညှင်းစွာ နောက်လှည့်ကြည့်လိုက်တယ်။သူ့ရဲ့ စိတ်အာရုံတစ်ခုလုံးကို ရှဲ့ဟယ်ဆီ ပုံအပ်ထားသလိုမျိုး လေးနက် နင့်သည်းနေတဲ့အကြည့်တွေနဲ့ကြည့်လိုက်ပြီး....
"တောင်းပန်ပါတယ်....မင်းနဲ့တွေ့မယ်လို့ထင်မထားမိဘူး....."
ရှဲ့ဟယ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီသွားတယ်။သူ့ရှေ့မှာရပ်နေတဲ့သူက သာမာန်အသိအကျွမ်းမိတ်ဆွေတစ်ယောက်နဲ့စကားပြောနေသလို တည်ငြိမ်နေတယ်လေ.....ဒီလူက သူလက်လွှတ်ခိုင်းခဲ့တဲ့အတွက် လက်လွှတ်ပေးခဲ့တယ်။ကျန်ခဲ့တဲ့ ရှဲ့ဟယ်ကတော့ အရူးမီးဝိုင်းသလိုခံစားနေရတယ်။ဒါပေမယ့် ဒီလူကြောင့်ခံစားခဲ့ရတဲ့ နာကျင်မှုတွေကို မှတိမိနေသေးတယ်...... ဒီနာကျင်မှုတွေကို နက်နက်ရှိုင်းရှိုင်း အမှတ်ရနေတုန်းပဲ!!!!
ထိုအခိုက်အတန့်မှာ ရှဲ့ဟယ်ရဲ့မျက်ဝန်းတွေထဲမှာ မလိုလားအပ်တဲ့စိတ်ဆန္ဒတွေတောက်လောင်နေတယ်။
"ခင်ဗျား ကို ဘယ်သူလာခိုင်းလို့လဲ??ခင်ဗျား ရဲ့ ဟန်ဆောင်ကြင်နာမှုတွေကို ဘယ်သူမှ မလိုချင်ဘူး....နောက်တစ်ခါ ခင်ဗျား မျက်နှာကို ထပ်မမြင်ချင်ဘူး....."
YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။