Arc.8.19
2.3K 442 50
နားနေဆောင်သို့ လော့ကျွင်းပြန်ရောက်ချိန်တွင် သူ့မျက်နှာက ရှုံ့မဲ့နေသည် ။ သိုလောင်လက်စွပ်ထဲက အင်မော်တယ်ကျောက်တုံးများအား အခန်းတောင့်သို့ လွင့်ပစ်လိုက်ပြီး ဂိတ်ဖွင့်မဲ့ အချိန်ကိုသာစောင့်နေလိုက်တော့သည် ။ သူက ကျင့်ကြံဖို့လဲ စိတ်မပါဘူးလေ ။
" သခင်လေးလော့ .. သခင်လေးကို လာရှာတဲ့ သူရှိပါတယ် " အစေခံနောက်သို့ အလျင်အမြန်လိုက်လာခဲ့သည် ။ သို့သော် သူတွေ့လိုက်ရသည်က သူမျှော်နေသည့်သူမဟုတ်ဘဲ လူအိုကြီးတစ်ယောက်နဲ့ အသက် ၁၂ /၁၃ လောက်ရှိသည့် မိန်းမငယ်လေး တစ်ယောက်သာ ။ ရုတ်တရက်ကြီး လော့ကျွင်းက စိတ်အားကုန်ခန်းသွားသည်ဟု ခံစားလိုက်ရသည် ။ သူက ချက်ချင်း ဂိုဏ်းသို့ ပြန်သွားက တံခါးပိတ်ကျင့်ကြံရာမှ ဆွဲထုတ်လာချင်တော့သည် ။
လော့ကျွင်းက ချန်းယန် မဟုတ်၍ စိတ်ပျက်သွားတာ ဖြစ်သော်လည်း လူအိုကြီးက သူတို့၏ ဆင်းရဲနွမ်းပါးသည့် ပုံစံကြောင့် အထင်သေးသွားတာဟု မှတ်ယူလိုက်တာ ဖြစ်သည် ။ မိန်းကလေးကလည်း သူမရဲ့ နှာခေါင်းသေးသေးလေးကို ရှုံမဲ့လိုက်ကာ ' ပါရမီရှင်ဆိုတဲ့ လူတွေရဲ့ စိတ်ဓာတ်က အမြဲ အဲ့တိုင်းဘဲ..'
" ပြောပါ .. ဘာကိစ္စလဲ " လော့ကျွင်းက ထိုသူများ၏ စိတ်ခံစားချက်အား လိုက်ခံစားနေဖို့ စိတ်မပါပေ ။ သူ အခု နည်းနည်းလေးတောင် ပျော်မနေပါဘူးနော် ..
" လူငယ်လေးဆီမှာ ဝင်ခွင့်ကျန်နေသေးလားလို့ မေးချင်တာပါကွယ် .. ဖြစ်နိုင်ရင် " လူအိုကြီးက ပြောနေဆဲမှာပင် လော့ကျွင်းက လက်ပတ်နှစ်ခုအား ထုတ်ကာ စားပွဲပေါ်တင်လိုက်ကာ လက်တစ်ချောင်း ထောက်ပြလိုက်သည် ။ " အင်မော်တယ်ကျောက်တုံး တစ်သောင်း.."
ကလေးမလေး၏ နူတ်ခမ်းက အနည်းငယ်တွန့်ရှုံသွားတယ်။ 'ငါတို့မှာ အင်မော်တယ်ကျောက်တုံး တစ်တုံးတောင် မရှိနိုင်တာ သတိမထားမိဘူးလား ..'
ဒါပေါ့ .. လော့ကျွင်းသတိထားမိတယ် ။ ဒါပေမဲ့ အဲ့ဒါအတွက် သူက ဘာကို ဂရုစိုက်ဖို့ လိုမှာလဲ ။ ဒါက သူစိမ်းတွေ အရောင်းအဝယ် လုပ်တာသက်သက်ဘဲ ..ပြီးတော့ သူက အချိနိမဖြုန်းချင်လို့ နှစ်ခုကို တစ်သောင်းထားပေးထားတယ် မဟုတ်ဘူးလား ..