Chapter 2

38.5K 4.4K 577
                                    

Unicode

ဆန်ကုန်မြေလေးကို အသေအလဲထိုးကြိတ်မယ်

__________________________________

လီရှင်းရန်တစ်ယောက် ယန်ချင်းချီဒီအချိန်ကြီး ပြန်လာလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး။ ယန်ချင်းချီဆိုတာ သူ့စကားကို တော်တော်လေး နာခံသူတစ်ယောက်ဖြစ်ကာ သူကမြောက်ကိုသွားလို့ပြောရင် မြောက်ကိုပဲသွားလိမ့်မည်၊ သူကအရှေ့ကိုသွားလို့ပြောရင် အရှေ့ကိုပဲသွားလိမ့်မည် ဖြစ်သည်။ ဘာလို့ဒီတကြိမ်ကျမှ ယန်ချင်းချီတစ်ယောက် မိဘအိမ်ပြန်လိုက်ဆိုတဲ့စကားကို နားမထောင်ပဲ ဒီရောက်လာရတာလဲ။

သူပါးစပ်ကိုဖွင့်လိုက်ကာ အားဖျော့သံလေးဖြင့်
''ဘေဘီ ကိုယ်ပြောတာနားထောင်ပါဦး ''
ဟူ၍စပြောလိုက်သည်။

ပါးစပ်စဖွင့်လိုက်တယ်ဆိုတာနဲ့ပဲ ပါးစပ်ထဲရောက်နေတဲ့ရေတွေက စကားပြောလိုက်တာကြောင့် ဖလူးဖလူးဆိုပြီးထွက်ကျလာခဲ့သည်ကို ယန်ချင်းချီ စက်ဆုပ်စွာကြည့်နေလိုက်သည်။ ထိုကဲ့သို့လူပြက်ရုပ်ဖြစ်အောင်ဖန်တီးထားသူမှာ သူဖြစ်တာကြောင့် ယန်ချင်းချီတယောက် မလှောင်ရယ်ပဲနဲ့ကိုမနေနိုင်။

''တော်တော့ ဘာလာရှင်းပြနေဦးမှာလဲ ဒီကနေထွက်သွား ''

သူ ပထမ စီစဥ်ထားတာကတော့ ဒီငါးဆားနူကို ရိုက်နှက်ပစ်ဖို့ပဲ ဒါပေမဲ့ မြင်လိုက်ရတာနဲ့တင် မတန်ဘူးလို့ ခံစားလိုက်မိသည်။ ဒီငါးဆာနူအသားကိုထိလိုက်တယ်လို့ တွေးမိရုံနဲ့တင် ယန်ချင်းချီတယောက် အရမ်းရွံစရာကောင်းတဲ့ အရာဝတ္ထုတစ်ခုကို ထိမိသလို အော့အန်ချင်လာသည်။

သူ ဆန်ကုန်မြေလေးရဲ့ ဆင်ခြေတွေကို ဖြတ်တောက်ပစ်လိုက်ပြီး နောက်ကိုနည်းနည်းဆုတ်ကာ တံခါးဘက်သို့ မေးငေါ့ပြရင်း

''ဒီကနေ ထွက်သွား မင်းရဲ့ဇယားလေးပါ ခေါ်ပြီး မင်းလာတဲ့နေရာမင်းပြန် အခုချက်ချင်း! ''

လီရှင်းရန်တစ်ယောက်ချက်ချင်းကို ဇယားလေးထဲကနေ သူ့ရဲ့အရာကိုဆွဲထုတ်ပစ်လိုက်သည်။ သူ့ရဲ့ အင်ဂျင်ကို ဆွဲထုတ်လိုက်တာနဲ့ ယန်ချင်းချီတစ်ယောက် လီရှင်းရန်၏ မိသားစုထောက်တိုင်လေးကို အစိမ်းလတ်လတ်မြင်တွေ့ခဲ့ရသည်။ မမြင်ချင်တာမြင်လိုက်ရသလို ခံစားလိုက်ရတာကြောင့် ယန်ချင်းချီ အကြည့်လွှဲလိုက်ကာ စိတ်ထဲကနေ လီရှင်းရန်အားသရော်လိုက်​​လေသည်။ 'အဲ့လောက်လဲကြီးမနေပဲနဲ့များ ငါ့ဟာနဲ့တောင်ယှဥ်မရတာကို '

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now