Episode-30

3.5K 348 45
                                    

♡Unicode version♡




"မားသားလေးကံကောင်းပါစေ...အရမ်းစိတ်လှုပ်ရှားမနေနဲ့...အားဝမ်ဖြတ်ကျော်နိုင်မှာကို မားယုံတယ်..."

အားပေးနှစ်သိမ့်လာသည့်မားရင်ခွင်ထဲတိုးဝင်ကာဆက်ခနဲခေါင်းငြိမ့်လိုက်မိပြီး စိတ်ခွန်အားတိုးဖို့မားပါးကိုတချက်ဖိနမ်းလို့လမ်းထိပ်ကဘတ်စ်ကားမှတ်တိုင်စီသွပ်သွပ်လျှောက်ခဲ့လိုက်တယ်။လက်တစ်ဖက်ကဖိုင်တစ်ခုကိုင်ထားရင်း ဇီးညိုရောင်အပေါ်ထပ်ကုဒ်ကိုတချက်ဆွဲဆန့်လို့ မိမိကိုယ်ကိုကြည့်ကောင်းရဲ့လား လမ်းနဘေးရပ်ထားသည့်ကားမှန်ကိုတချက်လှမ်းရှိုးလိုက်ရသေးတယ်။

ပထမဆုံးအင်တာဗျူးဖြေရမှာမို့ရိပေါ်စိတ်လှုပ်ရှားနေသည်ကိုမထိန်းချုပ်နိုင်သလို အကောင်းဆုံးဖြစ်အောင်လည်းအစစအရာရာပြင်ဆင်ထားခဲ့တာ။ဒါဟာရိပေါ်ဘွဲ့ယူပြီးပထမအကြိမ်အလုပ်လျှောက်ခြင်းဖြစ်တယ်။ဝမ်မားကလည်းအသက်အရွယ်ရနေပြီဖြစ်တဲ့အပြင်ဖေးဖေးက ဆေးကျောင်းပထမနှစ်မို့ ရိပေါ်အများကြီးကြိုးစားရတော့မည့်အခြေနေ။

"ဟူး!!!..."

ရှေ့ကDigital Groupဆိုသည့်ရွှေရောင်ဖောင်းကြွစာလုံးထွင်းထားတဲ့ အထပ်မြင့်အဆောက်အဦးကြီးကိုမော့ကြည့်လို့ မျက်လုံးမှိတ်လေပူတွေမှုတ်ထုတ်လိုက်ကာရိပေါ် မိမိကိုယ်ကိုအားတင်းလိုက်မိတယ်။စိတ်အေးအေးထားပြီး first floorကreceptionဆီလျှောက်သွားကာinterviewဖြေရမည့်အထပ်ကိုမေးပြီးဓာတ်လှေကားနဲ့တက်ခဲ့လိုက်တယ်။

"interviewဖြေဖို့လာတာမဟုတ်လားမောင်လေး...လာဒီဘက်မှာ..."

"ဟုတ်ကဲ့အမ..."

ကုမ္ပဏီဝန်ထမ်းဝတ်စုံအနက်ရောင်fit suiteကိုဒူးဖုံးအနက်ရောင်စကပ်နဲ့တွဲဝတ်ထားသည့်အမတစ်ယောက်လမ်းပြသည့်အတိုင်းအလိုက်သင့်လျှောက်ဝင်သွားလိုက်တယ်။ဟိုရောက်တော့ တခြားအလုပ်လာလျှောက်သူတွေနဲ့အတူ ထိုင်စောင့်စေတာမို့ interviewဖြေရန်အလှည့်မရောက်သေးခင် စာရွက်စာတမ်းတချို့ပြန်စစ်နေလိုက်တယ်။ပြည့်စုံသလောက်ပြင်ဆင်ခဲ့တာမို့ အဆင်ပြေမှာပါ။

"မစ္စတာ ဝမ်ရိပေါ်!..."

အလှည့်ရောက်ပြီမှန်းသိလိုက်တာမို့interviewအခန်းဝမှာကြိုနေသည့်အမလက်ထဲကိုယ်ရေးအကျဥ်းဖိုင် ဘွဲ့လက်မှတ် စတဲ့ယူလာသမျှဖိုင်တွေထည့်ပြီး တိမ်စိုင်သော့တွဲလေးကိုလက်တစ်ဖက်ကကျစ်ကျစ်စုတ်လျှက် အထဲလိုက်ဝင်သွားလိုက်တယ်။ကျွန်တော့်ကိုခွန်အားတွေပေးပါအကို။

LOVE ME,OK![Complete]Where stories live. Discover now