Arc.8.21
2.6K 467 69
ရှီမန် ဂိတ်ဖွင့်ပြီး ဝင်ခွင့်ရှိသူအားလုံး အလင်းအကာအကွယ်အား ဖြတ်ကျော်သွားကြသည် ။ ချန်းယန်သည် လော့ကျွင်းနဲ့အတူ ဝင်သွားသော်လည်း အလင်းအကာအကွယ်ကို ဖြတ်လိုက်သည်နဲ့ ကျပန်းနေရာသို့ ပို့ဆောင်ပေးလိုက်ကာ လူကွဲသွားခဲ့သည် ။
" အပင်ပုံစံကတော့ မဆိုးဘူး .. ပုံရိပ်ယောင်သာ မဟုတ်ရင် ငါက ယူပြီး သုတေသန ပြုလုပ်မိမှာ .." အဓိက စနစ်သည် သိပ္ပံပညာရှင်များစွာ၏ အတွေ့အကြုံ ရှာဖွေ ဖော်ထုတ်နိုင်မှု မျိုးစုံအား မှတ်တမ်းတင်ထားသော်လည်း စိတ်ပညာရှင်များ၏ စိတ်ကူးစိတ်သန်းများစွာလည်း ပါဝင်နေခဲ့သည် ။ မဟုတ်ပါက ဒီလို ပုံရိပ်ယောင်ကမ္ဘာတွေအစား ပျင်းစရာကောင်းသည့် အချက်အလက်များနဲ့သာ သူက ဖြတ်သန်း‌နေရလိမ့်မည် ဖြစ်သည် ။
ကျင့်ကြံခြင်းလောကသည် ထိုစိတ်ကူးများထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်သည် ။ အပြင်ကမ္ဘာတွင် အစစ်အမှန်ရှိသည့်အရာများကို ကျင့်ကြံခြင်းကမ္ဘာတွင် ထည့်ထားသည်မှာ ရှားပါးလှသည် ။
" ဝိုးးး..ဒီလိုအထိပါ စိတ်ကူးထားတာဘဲ .." ချန်းယန်က ဆေးပင်၏ အရွက်အနည်းငယ်ကို ခြေလိုက်ပြီး အနံ့ခံလိုက်ကာ အံ့အားသင့်စွာ ပြောလိုက်သည် ။
/ သခင်!.. အဲ့ဒါ နဂါးလို့ခေါ်တဲ့ ဝိညာဉ်သားရဲတွေရဲ့ သဘာဝစွမ်းဆောင်နိုင်မှုအတွက် ဖန်တီးထားတဲ့ ဆေးပင်‌‌ကြီးလေ /
" ဒီ.. ဒီဟာ လေးလဲ ကောင်းတယ် .. "
/ အဲ့ဒါ .. အဲ့ဒါက အသွင်ပြောင်းဆေးလုံးရဲ့ အဓိကအမယ်.. ဒီသက်တမ်းနဲ့ဆိုရင် လူတစ်ယောက်ကို သေးငယ်တဲ့သားရဲတစ်ကောင်ပုံစံအထိ ပြောင်းလို့ရတယ် /
" အဲ.. ဒီဟာ ငါသိတယ် .. ထျန်းမင်ဂြိုလ်ပေါ်က ကြယ်အမှတ်သစ်သီး " ချန်းယန်က အနားတွင် ငွေရောင်အငွေ့များ တလက်လက် တောက်ပနေသည့် အသီးသေးသေးလေးများအား လက်ညိုးထိုးလိုက်ကာ ပျော်ရွင်စွာ ရယ်လိုက်သည် ။
ရှောင်ထျန်းသည်တော့ မျက်နှာသာရှိလျှင် ရှက်လွန်းလို့ နီရဲနေပေလိမ့်မည် ။ ' ဒီသခင်က တန်ဖိုးကြီး‌ဆေးပင်တွေ ရတနာတွေကို ကျော်ပြီး ဘာ‌တွေ စိတ်ဝင်စားနေတာလဲ ' အဲ့ဒီ ကြည့်ကောင်းပြီး တရားမျှတပုံရသည့် အသွင်အပြင်အောက်တွင် ဒီလို မကောင်းတဲ့ အ‌တွေးများအား မည်သို့ ဖုံးကွယ်ထားမှန်း မသိရပေ ။ သို့သော် ဖုံးကွယ်မှု စွမ်းရည်က အလွန်ကောင်းသည်ဆိုသည်တော့ သေချာလေသည် ။