ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (18)

5.7K 951 50
                                    

ခန္ဓာကိုယ်ပေါ်မှာ ပြေးလွှားလှည့်လည်နေတဲ့ ကျိုးရိကျယ်ရဲ့လက်ချောင်းတွေက ရှဲ့ဟယ် တမင်မေ့ပစ်ထားခဲ့တဲ့အတိတ် ကိုတမင်တူးဆွနေပြန်တယ်။နာကျင်မှုတွေ၊အရှက်ရမှုတွေ......ပြီးတော့ သာယာမှုတွေ ပျော်ရွှင်လှိုက်မောမှုတွေ.....အကုန်ရောထွေးနေတယ်။

ရှဲ့ဟယ်က လျှာဖျှားကို ကိုက်ပစ်လိုက်တာကြောင့် ပါးစပ်ထဲမှာသွေးအရသာတွေပြည့်လျှမ်းကုန်တယ်.......

"လွှတ်ပေး!!!"

ကျိုးရိကျယ်ရဲ့ လှုပ်ရှားမှုတွေရပ်တန့်သွားခဲ့တယ်။လက်လွှတ်ပေးလိုက်ဖို့ တုန့်ဆိုင်း နေပမေယ့် ရှဲ့ဟယ်ရဲ့ နှုတ်ခမ်းထောင့်ကနေ သွေးတွေစီးကျနေတာကို မြင်လိုက်တာကြောင့် အတော်လေးတုန်လှုပ်သွားပြီး အလျှော့ပေးလိုက်တဲ့အမူအရာနဲ့ ရှဲ့ဟယ်ကို လွှတ်ပေးလိုက်တယ်။ပျာယာခတ်နေတဲ့လေသံနဲ့......

"လွှတ်ပေးပါ့မယ် ကိုယ့်ကိုကိုယ်ထိခိုက်အောင်မလုပ်နဲ့တော့"

"ပြန်သင့်နေပြီ...."

ရှဲ့ဟယ်ရဲ့လေသံက အနိမ့်အမြင့်အတက်ကျမရှိဘဲ တည်ငြိမ်နေတယ်။

"ကျိုးရိအန်ကို ဒါတွေမြင်စေချင်နေတာလား ဒါမှမဟုတ် ကျွန်တော့်ကို နောက်တစ်ကြိမ် ထပ်ပြီး အလဲလဲအပြိုပြိုဖြစ်စေချင်နေတာလား??"

"မဟုတ်ပါဘူး.....ကိုယ်က...."

နှုတ်ခမ်းတွေ လှုပ်ရှားနေပေမယ့် ဘာဆက်ပြောရမှန်းမသိ ဖြစ်နေတယ်။စကား​ကြွယ်ခဲ့တဲ့ သူ့အတွက် အခုချိန်မှာ စကားလုံးတွေပျောက်ရှနေတယ်။

တကယ်တော့......သူ့အချစ်တွေကို ကောင်းမွန်စွာ ထုတ်ပြချင်ခဲ့ရုံလေးပါ......

ထဏအကြာမှာတော့ ကျိုးရိကျယ် ခြေလှမ်းတွေနောက်ဆုတ်လိုက်တယ်။ဒါက သေဆုံခြင်းအငွေ့အသက်တွေထုံလွှမ်းနေတဲ့ အမှောင်ကမ္ဘာထဲကို တလှမ်းခြင်းဆီ ဆုတ်ခွာနေပုံ ပေါက်နေတယ်။ခြေတစ်လှမ်းခြင်းစီတိုင်းက ရှင်သန်ခြင်းနဲ့ ဝေးကွာနေရာအရပ်ဆီကို ဦးတည်နေသည့်နှယ်...........

ကျိုးရိကျယ်က ခံစားချက်မဲ့နေတဲ့ အကြည့်တွေနဲ့ လေးနက်စွာကြည့်လိုက်ပြီး ကျောခိုင်းထွက်ခွာသွားခဲ့ပါပြီ.......

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now