Part 32*

42K 3.2K 46
                                    

အနားယူရတဲ့အချိန်ဟာလည်း နည်းနည်းများလာပြီမို့ အလုပ်တွေလုပ်ဖို့ သီဟ ပြင်ဆင်ရတော့သည်။ တစ်ယောက်သောသူကလည်း ခွင့်ပြုပြီမို့ အဆင်ပြေသည်။ အလုပ်တွေကိုလည်း ထွဋ်ခေါင်နိုင်သလောက်လုပ်ထားပေးသည်မို့ အများကြီးပုံမနေပေ။

နှစ်ယောက်လုံးအကျီအဝတ်အစားလဲကာ ထွက်လာခဲ့သည်။

" တစ်ခုခုဝင်စားကြရအောင် အချစ်"

" ဘာစားရမလဲ "

" အချစ်ဘာစားချင်လဲ "

" ကော်ဖီပဲသောက်ရင်ကောင်းမယ်ထင်တယ် "

" ကော်ဖီချည်းပဲတော့ မသောက်ပါနဲ့လား "

" ဆိုင်ရောက်မှပဲ တစ်ခုခုစားဖို့ကြည့်တော့မယ် "

" ဟုတ်ပြီ၊ မင်းဝေ ကော်ဖီအေးဆေးသောက်လို့ရမယ့်ဆိုင်ကိုသာ မောင်းတော့ "

" ဟုတ်ကဲ့ Boss "

ဘေးမှာထိုင်နေသူ ထွဋ်ခေါင်ရဲ့လက်အားဆွဲယူကာ ဆုပ်ကိုင်တော့ အရင်ကလို့မျက်စောင်းနဲ့မကြည့်တော့တာမို့အခြေအနေကောင်းသည်ဟုတွေးမိသည်။

ဆိုင်ရှေ့ကိုရောက်တော့ မနက်ခင်းမို့ လူကတော့သိပ်မရှိနေ။ ဆိုင်ထဲဝင်ကာ စားဖို့ကိတ်နဲ့ကော်ဖီကိုမှာလိုက်ပြီး မှန်ပြတင်းပေါက်နဲ့နီးတဲ့စားပွဲခုံမှာရွေးကာထိုင်လိုက်၏။

" သဘောကျရဲ့လား "

" အင်း မဆိုးပါဘူး "

" မောင် ဝယ်လိုက်ရမလား "

" ဘာကိုဝယ် "

" ဒီဆိုင်ကိုလေ "

" ဟမ် မောင်! "

" အချစ် သဘောကျတယ်ဆို၊ အဲ့ဒါကြောင့် မောင်ဝယ်ပေးမယ်ပြောတာပေါ့ "

" မောင် ပိုက်ဆံတော်တော်ပေါနေလား "

" အင်း အများကြီးပဲ၊ အချစ်ကလေးပြသနာရှာရင် ရှင်းဖို့စုထားတာ "

" မောင်! "

" စတာပါဗျာ၊ မောင့်မှာအလုံအလောက်ရှိပါတယ် ၊ အချစ်လိုချင်တာသာ ပြောလိုက် ၊ အကုန်ဖြစ်စေရမယ် "

ထွဋ်ခေါင်ဘာမှမပြောတော့ပေ။ သီဟကိုတစ်ချက်သာကြည့်ပြီး ပြတင်းပေါက်ဘက်သို့လှည့်ကာ အပြင်ကရှူခင်းတွေကိုတဝခံစားကြည့်နေ၏။

မောင့်မူပိုင် (Completed) Where stories live. Discover now