RVTIACF Chapter-(8)

3.6K 555 47
                                    

CHAPTER-(8)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ချူရှောင်းသူ့ကိုဖုန်းချပြီးတာနဲ့ ယိချန်ကချက်ချင်းသူမကိုဖုန်းပြန်ခေါ်ခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ သူဖုန်းကဆက်သွယ်လို့မရခဲ့ပေ။ ချူရှောင်းကသူ့ဖုန်းကိုအမည်ပျက်စာရင်းထဲ ထည့်ပြီးသားဆိုတာနားလည်သွားတဲ့အခါ သူမဖုန်းကိုအကြိမ်ကြိမ်နှိပ်နေခဲ့၏။

သူအရမ်းစိတ်တိုလို့ ချူရှောင်းဆီအသံမက်ဆေ့ချ်ပို့ဖို့ကြိုးစားပေမယ့်လည်း သူကိုဆိုရှယ်မီဒီယာတိုင်းမှာ unfriendလုပ်ထားတယ်ဆိုတာကို ရှာတွေ့သွားခဲ့လေသည်! ပိုင်ရွယ်ဝေ့က သူတို့စကားပြောနေတာကို လျို့ဝှက်နားထောင်နေပေမယ့် သူအရမ်းစိတ်တိုနေတာကိုမြင်တဲ့အခါ သူမကမေးရင်းစိတ်ရှုပ်ချင်ယောင်ဆောင်တော့သည်။

"ယိချန်ဘာဖြစ်လို့လဲ။ တစ်ခုခုဖြစ်နေလို့လား?"

"အကုန်လုံးအဆင်ပြေပါတယ်" ယိချန်အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းကာကားထဲသို့ပြန်ဝင်လိုက်သည်။ ကားကိုအရှိန်နှင့် အသံကျယ်ကျယ်ပိတ်ပြီး သူ့မျက်နှာမှာဂရုမစိုက်ဟန်နှင့် ကားကိုစနှိုးတော့သည်။

ချူရှောင်းကသူ့နံပါတ်ကိုအမည်ပျက်သွင်းထားတာ ပိုင်ရွယ်ဝေ့ကိုပြောမပြချင်ပေ။ သူချူရှောင်းကိုထပ်ပြီးခံစားချက်မရှိတော့ပေမယ့် လွန်ခဲ့တဲ့နှစ်တွေအတွင်းချုရှောင်းသူ့ကိုပုံပေးခဲ့တဲ့ချစ်မေတ္တာတွေကိုတော့ နှစ်သက်သည်။ လူအများကြီးကချူရှောင်းကိုလိုက်ကြ၏။ သို့သော် သူမကသူတစ်ယောက်ကိုသာနှစ်သက်၍ သူတို့ကိုအာရုံမထားခဲ့ချေ။

ချူရှောင်းက သူ့တစ်ယောက်ကိုပဲလိုချင်တယ်ဆိုတာ ယိချန်ဂုဏ်မယူဖို့ဆိုတာမဖြစ်နိုင်။ အခုချူရှောင်းရဲ့ သူ့အပေါ်သဘောထားတွေကပြောင်းလဲခဲ့ပြီ။ သဘဝကျကျပဲ သူကတခြားသူတွေကိုဒီအကြောင်းမသိစေချင်ပေ။

သူမကိုရဖို့ခက်ခဲကြောင်းဟန်ဆောင်ဖို့ ချူရှောင်းကြိုးစားနေသည်ဟုသာ ယိချန်ယုံကြည်သည်။ နောက်ဆုံးတော့လည်းသူ့ကိုနှစ်အကြာကြီးချစ်ခဲ့ပြီးမှ သူမခံစားချက်တွေဘယ်လိုများ ရုတ်တရတ်ပြောင်းလဲသွားနိုင်ရတာလဲ? ဒါကချူရှောင်းရဲ့ ကလေးဆန်ဆန်အမူအကျင့်တွေထဲကတစ်ခုသာသာ​ဖြစ်၏။ သူ့ကိုစိတ်အနှောင့်အယှက်အများဆုံးပေးတာက ချူရှောင်းရဲ့ မင်းသမီးလိုသဘောထားပင်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now