Epi(15) Unicode

9.2K 789 4
                                    


အပိုင်း(၁၅)

"ဆူးရေ ဆူးဒေဝီ…သမီး "

သူမခေါ်နေသော်လည်း သမီးရဲ့အသံပင်မကြားရ ။ ဒီကောင်မလေးတော့ ဘယ်သွားနေပြန်ပြီလည်းမသိ။ စာကြည့်ခန်းထဲသွားကြည့်လိုက်တော့ ခုံပေါ်‌တွင်မှောက်အိပ်နေသော သမီးဖြစ်သူကို တွေ့လိုက်ရသည်။

ဒီကောင်မလေးတော့…ဇက်တွေနာတော့မှာဘဲ ။

"သမီး သမီး ထ…ထ "

အိပ်မှုန်စုန်မွှားဖြင့် သူမအားပြူးပြဲကြည့်လာသည်။ ပြီးမှ အမေမှန်းသိသည်ထင် ပြန်အိပ်သွားသည်။

"ဆူး…မေမေ့လိမ်းဆေး ဘယ်မှာလဲ ၊ မနေ့ကလာတောင်းပြီး ဘာလို့သူ့နေရာသူပြန်လာမထားတာလဲ "
သူပုတ်ပြီးပြောနေသည်ပထိ သမီးက ဘာတစ်ခွန်းမှ ထမပြော။ဆတ်ခနဲ တစ်ချက်ရိုက်တော့မှ…

"အခန်းထဲမှာ…"

"အေး အဲ့တာဆိုသွားယူပေးလေ "

"သမီးကဗျာတွေ မရသေးဘူး မေမေ့ဘာသာ သွားယူလိုက်တော့နော် "

ဆူးက အိပ်မှုန်စုံမွှားဖြင့် သူ့အမေအားပြော၏။

"အေးအေး ပြီးတာဘဲ "

အခန်းထဲ၀င်လိုက်တော့ မိန်းကလေးအခန်းဟုပင် ထင်စရာမရှိ ပွစာကြဲနေသော အသွင်အပြင်။ စားပွဲခုံ၌လည်း စားအုပ်များက ဟိုတစ်စ ဒီတစ်စ ဖြစ်နေသည်။ ဝေ့ဝဲကာ ကြည့်လိုက်တော့ ဆေးဗူးက စာအုပ်အ‌ေပါ်မှာထပ်လျက် ။

ဆေးဗူးကို ယူကာ ထွက်သွားမည်လုပ်တော့ တွေ့လိုက်ရတဲ့ဖောင်တိန်အပြာနုလေး ။ ထိုဖောင်တိန်လေးက ဟိုနေ့က သမီးနဲ့အတူသွားရင်း သမီးအတွက် သူမ၀ယ်ပေးခဲ့တာဖြစ်၏။

ဖောင်တိန်ကိုအဖုံးလေးပိတ်ပေးပြီး အောက်မှပွင့်နေသောစာအုပ်လေးပေါ်အကြည့်ရောက်မိတော့ သမီးရဲ့လက်ရေးမညီမညာလေးတွေ။

ဖွင့်ကြည့်လိုက်မိတော့ သူမဘုရားပင်တလိုက်မိသည်။

ဘုရားရေ…သမီးက ဒီလိုစိတ်တွေ၀င်နေခဲ့တာပါလား။

လက်ရေးမညီမညာလေးတွေသည် တစ်ယောက်သောသူအတွက် စီတန်း‌နေအောင် ရေးထားသော စကားလုံးလှလှလေးများ။ ထိုစကားလုံးလေးများက သူမအတွက်တော့ ငြိမ်အေးနေသောရင်ကို အက်စစ်နှင့် ပက်လိုက်သည့်သဖွယ်ပင်။

Love Of My Life [Completed]Where stories live. Discover now