💛Las Vegas🤍

15.9K 1.7K 1.2K
                                    

Las Vegas...။

Grammy ပြီးတာနဲ့Concert ကအဆင်သင့်စောင့်
နေတာမို့ကျွန်တော်တို့နားရတယ်လည်းသိပ်
မရှိပါဘူး။

နီးနီးကပ်ကပ်COVID 19 Positive နဲ့
ရင်ဆိုင်ခဲ့ပြီး Qထွက်တာနဲ့တန်းအလုပ်လုပ်ရသော
Golden Maknae တစ်ယောက်တော့အနည်းငယ်
တော့ပင်ပန်းနေသည်။
လေ့ကျင့်ခန်းတစ်ခုပြီးတဲ့အခါမနက်ဖြန်
Concert အတွက်Hair Styleတွေပြင်နေသော
အခန်းထဲသို့ ချွေးတလုံးလုံးဖြင့်ဝင်လာသည်။

အခန်းထဲသို့ဝင်လာလိုက်အခါ
မှန်ရှေ့တွင်ငြိမ်ငြိမ်လေးဆံပင်အညှပ်ခံနေသော
နှစ်ယောက်မရှိသည့်ပြုံးယဲ့ယဲ့လေး။
ခြေလှမ်းတွေတောင်ထစ်သွားကာ
ပြူးထွက်လာမယ့်မျက်လုံးကြီးကိုဘေးလူတွေ
ရှိနေတာမို့ မနည်းထိန်းလိုက်ရသည်။

Hair Style သမားကလည်းစေတနာပါပါ
ဖြင့်အသေအချာကိုပြင်ဆင်ပေးနေသည်။

ပုံမှန်ဆို နှစ်ယောက်အတူတူ ဆံပင်ညှပ်
တက်တူးထိုး White dayလည်းDate
မWhiteတဲ့Dayလည်းDateနေပြီး
အတူတူရှိခဲ့ကြပေမယ့် Maknae
လေးရဲ့ခန္ဓာကိုယ်ကြီး မနက်ဖြန်ARMYတွေမြင်တဲ့အခါ
သရေမကျမဖြစ်ရလေအောင် ပြန်Training
နေရလို့ သူ့ကိုခဏလေးသတိလက်လွတ်ဖြစ်သွားခြင်းပင်။

JungKookသည်ချွေးသုတ်နေသောသဘက်
ကိုဆိုဖာပေါ်ပစ်ချကာခဏထိုင်အမောဖြေ
နေသည်။ဝန်ထမ်းတွေသည်လုပ်စရာရှိတာ
လုပ်နေကြကာ အလှပြင်ရာအခန်းထဲ
အတော်အသင့်တော့လူရှိပါ၏။

ဆံပင်လေးတွေသည်ညှပ်ချရင်း
ညှပ်ချရင်း လုံးလုံးလေးဖြစ်လာသည်။
သိပ်ကြည့်ကောင်းအောင်ပြင်ဆင်ပေးနေမှန်း
သိသာတာမို့အညှပ်ခံနေသောလူသည်
ငြိမ်ငြိမ်လေး။

"Jimin ကဒီလိုလေးStyleလေးတွေ
ညှပ်လိုက်ရင်များလေ ဆယ်နှစ်လောက်
ပြန်ငယ်သွားတယ်သိလား သိပ်ချစ်ဖို့
ကောင်းတာပဲ..."

"ကျွန်တော်လည်းညှပ်ချင်နေတာ
အပြောင်းအလဲလေးပေါ့ ARMYတွေလည်း
Surpriseဖြစ်သွားအောင်..."

"ဖြစ်မှာ ဖြစ်မှာ...အစ်မ လက်ရာကိုယုံ
ခေါင်းလေးနည်းနည်းငုံ့လိုက်ပါအုန်း..."

🤍Oneshot🤍Where stories live. Discover now