[Unicode]
Arc 8.2
Skien နောက်ကို အမဲလိုက်သလိုလိုက်နေတဲ့လူတွေက သူပြုတ်ကျသွားတာရယ် သူ့ Mecha က လုံးဝပျက်စီးနေတာကိုလည်း မြင်လိုက်ရတာမို့ ဘယ်လိုပဲဖြစ်ဖြစ် အသက်ရှင်မှာမဟုတ်ဘူးလို့ တွေးထားကြပါတယ်။ သူတို့လုပ်ဆောင်ရမယ့်တာဝန်အောင်မြင်တယ်ဆိုပြီး အစီရင် ပြန်ခံကြပါတယ်။
သူတို့မတွေးမိတာက Skien နဲ့ သူ့ Mecha က အာကာသထဲမှာအချိန်အတော်ကြာ မျောလွင့်နေပြီး နောက်ဆုံးမှာစွန့်ပစ်ဂြိုလ်တစ်ခုပေါ် ပျက်ကျသွားခဲ့တာကိုပါပဲ။ တကယ့် Skien အစစ်က အမုန်းတွေအပြည့်အလျှံနဲ့ သေဆုံးသွားခဲ့ပြီး Denanfry ကယ်တင်ခဲ့တဲ့တစ်ယောက်ကတော့ ပြန်လည်မွေးဖွားလာတဲ့ Jing Yang ပါပဲ။
အချက်အလက်တွေအကုန်လုံးလက်ခံရရှိပြီးနောက်မှာ Jing Yang သူ့ခေါင်းထဲထိ မုန်းတီးမှုတွေပြည့်နှက်လာပြီး သူ့ခန္ဓာကိုယ်ကပါ မနေနိုင်တော့ဘဲ တုန်ယင်နေခဲ့ပါတယ်။ ဒါ သူ့ခန္ဓာကိုယ်မှာ မူလပိုင်ရှင်ရဲ့ အမုန်းတရားတွေ ပြင်းထန်လာတာကို ပထမဆုံးအနေနဲ့ အတွေ့အကြုံကနေ သင်ယူလိုက်နိုင်ပြီး အခုချိန်မှာ သူမလှုပ်နိုင်သေးဘူးဆိုရင်တောင် တစ်ခုခုတော့ လုပ်ရမယ်ဆိုတာ သေချာပါတယ်။ အဲ့လိုမှမလုပ်ရင် သူ့စိတ်နှလုံးသားတစ်ခုလုံး စိတ်ပျက်အားငယ်နေတော့မှာ။
အဲ့ဒီအဖြစ်အပျက်တွေ ပုံရိပ်တွေနဲ့ မှတ်ဉာဏ်တွေက သူ့စိတ်ထဲမှာ တဝဲလည်လည်ပေါ်နေတော့ သူ့ခေါင်းကိုက်လာစေရုံမကဘဲ နှလုံးသားထဲကပါ တင်းကျပ်လို့လာပါတယ်။ ဒါက ဘာကိုပြနေလဲဆိုတော့ Skien ရဲ့ အမုန်းတရားက ဘယ်လောက်တောင် နက်ရှိုင်းနေလဲဆိုတာပါပဲ။
Jing Yang မျက်လုံးမှိတ်လိုက်ပြီး သူ့နှလုံးသားလေးကို တဖြည်းဖြည်းငြိမ်သက်သွားအောင် ထပ်ခါထပ်ခါ ရေရွတ်နေတာက 'ငါ မင်းအတွက် ကလဲ့စားကူချေပေးပါ့မယ်။ သူတို့ တစ်ယောက်လေးတောင် ကျန်မနေစေရဘူး သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်ထက်ကို ပိုပြီးနာကျင်စေရမယ်'
Jing Yang ဆေးရုံခုတင်ပေါ်မှာ ဆယ်ရက်လောက် လဲလျောင်းနေခဲ့ရပါတယ်။ အဲ့အချိန်အတောအတွင်း Denanfry က သူ့ကို လာကြည့်သေးတယ်။ ဒါပေမယ့် အခန်းထဲထိမဝင်ဘဲ အပြင် မှန်နံရံကနေပဲ အထဲက သူ့ကို မတ်တပ်ရပ်ကြည့်ခဲ့ပါတယ်။
ВЫ ЧИТАЕТЕ
အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]
Приключенияကမ္ဘာပေါင်းများစွာရဲ့ အရံဇာတ်ကောင် Arc 1-7 link https://www.wattpad.com/story/187067914?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=Ellis_Hsu&wp_originator=G1qI1N5r%2B6QAxdydc3AHHoItnfqZZMLgEFx3k4U...
![အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]](https://img.wattpad.com/cover/293131710-64-k152408.jpg)