Chapter 3

36.7K 4.3K 233
                                    

Unicode

ဒါဆိုလည်း ကျွန်တော်လက်ထပ်လိုက်ပါ့မယ်

__________________________________

ယန်ချင်းရှီ စိတ်အနှောက်အယှက်ဖြစ်စွာ နှုတ်ခမ်းကိုစူလိုက်ရင်း

''ကိုကို ကျန်းအိမ်ကပြဿနာကို ဘယ်လိုထင်လဲ သူတို့စီးပွားရေးက ညီမလေးတို့ထက် ပိုကြီးပြီး ပိုအာဏာရှိလို့လား ညီမလေးတို့က သာမန်မိသားစုဖြစ်နေလို့ ညီမလေးတို့ကို အထင်အမြင်သေးတာလား 'ကျန်းမော့ချန်က ယောကျ်ားပဲကြိုက်တာ မိန်းမ မကြိုက်ဘူး' 'မင်းကိုမလှည့်စားချင်လို့' အဲ့လိုတွေအထိပြောစရာလိုလား ပြီးတော့ စေ့စပ်ထားတဲ့သူကိုလည်း စိတ်တိုင်းကျ ပြောင်းချင်သေးတယ် အဲ့ဒါဘာကြီးလဲ သူ့ကိုယ်သူ ယောကျ်ားကြိုက်လား မိန်းမကြိုက်လားတောင်မသိဘူး ဘာလို့အခုမှ ဒါတွေလာပြောရတာလဲ ဘာလဲ ညီမလေးတို့မိသားစု အရှက်တကွဲဖြစ်အောင်လုပ်တာလား ''

''အိုး နင်အထင်လွဲနေတာပါ ''

ယန်ချင်းချီအထင်အရတော့ ကျန်းမော့ချန်က ယောကျ်ားတွေကိုကြိုက်နှစ်သက်တယ်ဆိုတာ သူ့ကိုယ်သူ မသိခဲ့ပုံပေါ်သည်။ ယောကျ်ားတွေကို ကြိုက်တယ်ဆိုတာ သိသွားတာကလည်း ကြာပန်းဖြူလေးကြောင့်ပဲ။ ကြာပန်းဖြူလေးကိုတွေ့မှ အချစ်စိတ်တွေပေါက်ဖွားလာတာကို။

ပြောရမယ်ဆိုရင်တော့ ကြာပန်းဖြူလေးက ဒီဝတ္ထုရဲ့ shouပဲ။ ဒီဝတ္ထုရဲ့shou တဖြစ်လဲ ကြာပန်းဖြူလေးသည် အလွယ်လေး တွန်းလှဲချလို့ရသည်အထိ သေးသွယ်ကျစ်လျစ်ပြီး နူးညံ့ပျော့ပျောင်းသည်။ အကြောင်းအရင်းရေရေရာရာမရှိပဲအော်ငိုတတ်မည်။ ထို့အပြင် shouကြိတ်ကြိုက်နေသူမှာ သူ၏စီနီယာဖြစ်ကာ ကံမကောင်းစွာပဲ ဟိုကလည်းအဖြောင့်စစ်စစ်။ သူ့ကသူ့နှလုံးသားလေးပေးပြီး တကောက်ကောက် လိုက်တဲ့အချိန်မှာပဲ ဟိုကအဖြောင့်မို့လက်မခံတော့ 'ခရက်ခ်'ခနဲ နှလုံးသားတွေတစစီ ကြေကွဲသွားရော။ အဲ့အချိန်မှာ ကွဲသွားတဲ့ နှလုံးသားလေးကို တစ်စစီ ပြန်ကောက်ပြီး တိတ်နဲ့ပြန်ကပ်နေတဲ့အချိန် ကျန်းမော့ချန်နဲ့စတွေ့ခဲ့တာ။

ကျန်းမော့ချန်ဆိုတာ အထက်တန်းလွှာလူချမ်းသာမိသားစုကနေမွေးဖွားလာတဲ့ မင်းသားလေး သူကိုယ်တိုင်ကလည်းထူးချွန်ထက်မြက်သည့်သူ။ ကျောင်းမှာဆို သူကအတော်ဆုံးကျောင်းသားလည်းဖြစ်သလို ကျောင်းသူလေးတွေအကြိုက် မြက်ရိုင်းလေးတစ်ပင်လည်း ဖြစ်သည်။ ဘွဲ့ရပြီးတဲ့နောက် အနုပညာလောကထဲဝင်လာပြီး သူ့ရဲ့နောက်ခံနဲ့ မွေးရာပါသရုပ်ဆောင်ပါရမီအစွမ်းကြောင့် အသက်၂၇နှစ်မှာတင် Gold Osmanthus Award အကောင်းဆုံးဇာတ်ဆောင်အမျိုးသားဆုကို ထူးထူးချွန်ချွန်ရရှိခဲ့ကာ ရုပ်ရှင်ဧကရာဇ်ဖြစ်လာခဲ့သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now