Chapter 4

34.3K 4.4K 217
                                    

Unicode

ပထမဆုံးတွေ့ဆုံခြင်း၊ ကြည့်ရတာအဆင်ပြေပုံပဲ

__________________________________

ယန်ချင်းချီသည် ပေါက်ကရမပြောတတ်ပဲ  ဘွင်းဘွင်းရှင်းရှင်းသမားဖြစ်သည်။ သူကျန်းမော့ချန်နဲ့လက်ထပ်ဖို့ သဘောတူလိုက်ကတည်းက ထိုကိစ္စကို အချိန်အကြာကြီးဆွဲထားဖို့စိတ်ကူးမရှိ။ ညစာစားပြီးတဲ့နောက်မှာ အမေယန်ဆီသွားပြီး ကျန်းမော့ချန်ကိုဆက်သွယ်လို့ရမည့် ဖုန်းနံပါတ်တောင်းလိုက်သည်။

အမေယန်ကတော့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေဆဲပင်။ သူမက မဝင့်မရဲဖြင့်
''ရှောင်ချီ ဒီကိစ္စကို ဘာလို့ နည်းနည်းလောက်ထပ် မစဥ်းစားတော့တာလဲ ''

ယန်ချင်းချီပြုံးပြလိုက်ကာ
''ရတယ် ကျွန်တော်ဆုံးဖြတ်ပြီးပြီ ''
ဟု ပြန်ဖြေလိုက်သည်။

သူဖုန်းနံပါတ်ရအပြီးမှာတော့ ကိုယ့်အခန်းကို ပြန်လိုက်ကာ ခေါ်ဖို့ပြင်လိုက်သည်။

ဖုန်းဝင်နေတာကိုကြည့်ရင်း အဆုံးမှာ သူ စိတ်လှုပ်ရှားလာခဲ့သည်။ အမှန်အတိုင်းပြောရရင် သူ့ရဲ့ကုန်လွန်ခဲ့သော အသက်နှစ်ဆယ်ကျော်တစ်လျှောက် ချစ်ရေးချစ်ရာနှင့်ပတ်သက်သည့်  အနှောင်အဖွဲ့ဆိုတာမရှိခဲ့။ အခုတော့ အခြားခန္ဓာကိုယ်တစ်ခုထဲ ကူးပြောင်းလိုက်တာနဲ့ Dateလုပ်တာကိုကျော်ပြီး လက်ထပ်တဲ့အဆင့်တန်းရောက်သွားရပြီ။ ဒီခံစားချက်မျိုးက စကားလုံးနှင့်တောင် ရှင်းပြလို့မရနိုင်ပေ။

'တကယ်လို့ သူအခြေကျဖို့ ဆုံးဖြတ်လိုက်ပြီဆိုမှတော့ ဘယ်နေရာကနေကြည့်ကြည့်လေ ကျန်းမော့ချန်ဆိုတာ အဆင့်အမြင့်တကာ့မှအမြင့်ဆုံး ဆိုတော့ကာ သူ အရွေးမမှားလောက်ပါဘူး' ဟု သူ့ကိုယ်သူ ​ပြန်ဖြေသိမ့်လိုက်မိသည်။

သူတွေးနေစဥ် တဖက်ကဖုန်းကိုလက်ခံလိုက်လေသည်။

''ဟယ်လို? ''

အနည်းငယ်ဆွဲဆောင်မှုရှိပြီး အများနှင့်ကွဲထွက်နေသည့် အေးစက်စက် ယောကျ်ားသံက တဖက်ကနေထွက်လို့လာခဲ့သည်။

ရုတ်တရက်မို့ ယန်ချင်းချီတစ်ယောက် သတိလက်လွတ်ဖြစ်သွားကာ ချက်ချင်း ပြန်တည်ငြိမ်အောင်လုပ်လိုက်ပြီး အေးဆေးစွာပဲ ပြန်ဖြေလိုက်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now