Chapter 35 (U+Z)

6.7K 1.3K 30
                                    

-Unicode-

အခန်း ၃၅: ငါ့မျက်လုံးတွေ ပျက်သွားတာဖြစ်ရမယ်

ထူးထူးဆန်းဆန်း ကျွမ်းကျိုးတစ်ယောက် မက်ခါဆောက်နေတုန်း သူ့အတွေးတွေက စပြီးလေလွင့်နေတယ်။

မဟာနတ်မင်းကြီး သင်ကြားပေးခဲ့တဲ့ အရှေ့အရပ်က ကြွယ်ဝခြင်းနတ်ဘုရားတွေအားလုံးထဲမှာ အကြိုးစားဆုံး အလုပ်သင်ကြွယ်ဝခြင်းနတ်ဘုရားလေးတစ်ပါးဖြစ်တဲ့အလျောက် နတ်မင်းကြီးတွေအကုန်လုံးက ကျွမ်းကျိုးကို အရာတိုင်းကို သင်ယူတတ်မြောက်လွယ်ရုံသာမက လေးနက်ပြီး စိတ်အားထက်သန်တဲ့ အစားထိုးနတ်ဘုရားတစ်ပါးဖြစ်တဲ့အတွက်ပါ ချီးကျုးကြတယ်။

ဒါပေမဲ့ အခုတော့ သူက တကယ်ကို ငေးငိုင်တွေဝေနေတယ်။

အဲဒီလိုဖြစ်နေမိတာ ရှောင်ဖော့လန်က 'တီတီတီ' အသံပေးပြီး သူ့ကိုခေါ်တော့မှပဲ ကြွယ်ဝခြင်းနတ်ဘုရားလေးက နောက်ဆုံးတော့ အတွေးနယ်ချဲ့နေရာကနေ ပြန်အသိဝင်လာတယ်။

သူ့ခေါင်းငုံ့ကြည့်လိုက်တော့ ရှောင်ဖော့လန် မော့ကြည့်နေတာကို တွေ့လိုက်ရတယ်။

ရှောင်ဖော့လန် စိတ်ရှုပ်နေတာကို နားလည်သလိုပဲ ကြွယ်ဝခြင်းနတ်ဘုရားလေးက အပြစ်မကင်းစွာ သက်ပြင်းချလိုက်တယ်: "ဆိုတော့ အာ အခုလေးတင် ဒီမက်ခါကို နောက်ထပ်တစ်ဆင့် အဆင့်မြှင့်ပေးဖို့လုပ်နေတာပါ!"

သူက အဲဒီလိုပြောရင်းဆိုရင်း လက်ထဲက အစိတ်အပိုင်းကို မက်ခါမှာ အလျင်အမြန် တပ်လိုက်တယ်။

ရှောင်ဖော့လန်က တပ်ဆင်လိုက်တဲ့နေရာကို ကြည့်လိုက်တယ်၊ ပြီးတော့ ပုံစံပြာစာရွက်ကိုလည်း ကြည့်လိုက်တယ်။ ဘာအပြောင်းအလဲမှ ဖြစ်မသွားတာကိုတွေ့တော့ သူ့ရဲ့စက်ရုပ်ခေါင်းကို ထပ်မော့ကြည့်လာတယ်။

သခင်က တကယ်ကြီးကို တွေးစရာတစ်ခုခုရှိနေတာပဲ။

ကျွမ်းကျိုးက မက်ခါကို ဆက်ပြီး တပ်ဆင်လိုက်တယ်။ ဝမ်ရှောင်းယွင် အရင်ကပြောဖူးတာကို သတိရသွားပြီး သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်တယ်။ နောက်ဆုံးမှာတော့ သူမနေနိုင်တော့ဘဲ တိုးတိုးလေး ပြောတယ်: "ရှောင်ဖော့လန် မင်းသိလား၊ ဝမ်ရှောင်းယွင်ကလေ သူ...."

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now