အပိုင်း (၇၈၈) - ပျင်းရိစွာ အတင်းပြောခြင်း

1.9K 253 3
                                    

Zawgyi


"ဘာဖြစ်လို့လဲ" ကျန်းကျူကျိသည် ပျင်းရိစွာမော့လာသော်လည်း ရှီမာ ယူယူသည် တိကျသော အဖြေ ပြောလေသည်။

"ဒီနေ့ ကျွန်တော် ယွမ်ယွမ့်ကို သွားကုပေးတယ်မလား၊ အဲဒါပြီးတော့ ထူးဆန်းတာတစ်ခုတွေ့ခဲ့တယ်" ရှီမာယူယူသည် အာရုံစိုက်ထားရာ ငြိမ်သွား ပြီးမှ ဆက်ပြောလေသည် "သူမကို တံလျှပ်တီကောင်ကလိုက်လိုက် တာ၊ ဒါ မတော်တဆမဟုတ်ဘူး"

"တံလျှပ်တီကောင်ဟုတ်လား၊ အဲဒါက ခရမ်းရောင်နုံးမြေမှာပဲနေတဲ့ အကောင်မလား၊ သူတို့က နုံးမြေ ကိုဘာသွားလုပ်ကြတာလဲ" ဟန့်မြောင်ရွှမ် သည် သိချင်စိတ်ဖြင့်မေးလေသည်။

ကျွမ်းကျင်သူတစ်ယောက်အတွက် ပြောရန်လွယ်သော အမှန်တရား ဖြစ်သည်။

"ခရမ်းရောင်နုံးမြေမှာနေတဲ့ တံလျှပ်တီကောင်တွေက ဖိနပ်အမြင့် လောက်ပဲရောက်နိုင်ကြတာ အဲဒါကိုလည်း တော်တော်များများသိထား ကြတယ် ဒါပေမဲ့ သူတို့မသိတာက တံလျှပ်တီကောင်တွေက သုသာန် မှာပဲ တွေ့နိုင်တယ်ဆိုတာပဲ" ရှီမာယူယူ ပြောလိုက်သည် "သူတို့ တခြား ထူးခြားတဲ့နေရာကိုများ မသွားခဲ့ဘူးလား လို့ ကျွန်တော်ရှဲရုန်တို့ကိုမေးတော့ မသွားဘူးလို့ဖြေတယ်၊ သူတို့နုံးမြေမှာ မစ်ရှင်လုပ်ရင်းနဲ့ အကိုက်ခံရတယ်လို့ ပြောတယ်"

"သာမန် သုသာန်သာဆိုရင် လျှို့ဝှက်ထားစရာအကြောင်းမရှိဘူးလေ၊ ဒါပေမဲ့ သူမက အမှန်မပြောချင်ဘူးဆိုတာ့ တစ်ခုခုများဖြစ်နေပြီလားလို့ ခန့်မှန်းတာလား" စူးရှောင်ရှောင်မေးလိုက်သည်။

"အင်း" ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် "ဒါပေမဲ့ ကျွန်တော် သိချင်လို့မေးတာပါ၊ ရှုးယွမ်ယွမ်က နိုးလာတော့ တော်တော်ကြောက်နေ တယ် အဲဒီမှာ လူတော်တော်များများသေသွားတဲ့ပုံပဲ၊ ဒီအကြောင်းကို ဂိုဏ်း ကို သတင်းပို့လောက်တယ်လို့ ထင်တယ်"

"ဘာလို့လဲ" စူးရှောင်ရှောင်မေးလိုက်သည်။

"လူအများကြီးသေသွားမှတော့ တောင်ကမ်းပါးအဖွဲ့ကာ ဂိုဏ်းကို ဖြေရှင်းချက်ပေးရမယ်လေ" ကျန်းကျူကျိ ပြောလိုက်သည် "ဒါဆိုရင် ဂိုဏ်းက အဲအကြောင်းကို သတင်းထုတ်မလား မထုတ်မလား ငါတို့ စောင့်ကြည့် ကြတာပေါ့"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now