အပိုင်း (၇၉၀) - သူမနှင့် ဂိုဏ်းဖွဲ့ခြင်း

1.8K 257 8
                                    

Zawgyi


ရှီမာယူယူသည် သူတို့အား ထက်မြက်စွာကြည့်လိုက်သည်။ သူမ သူတို့ကိုပြောမည်ဟု ဆုံးဖြတ်ထားလျှင် လိမ်မည်မဟုတ်ပေ။

"အင်အားကြီးထောင်ပြီး ဘာလုပ်မှာလဲ" ကျန်းကျူကျိ မေးလိုက်သည်။

သူနှင့် ရှုဂျင်းသည်ဖြစ်နိုင်ချေများကို ကြိုစဉ်းစားထားခဲ့ကြသည်။ သူမ သည် အန္တရာယ်ရှိသော တစ်စုံတစ်ရာကို လုပ်တော့မည်ဟု ခန့်မှန်းခဲ့ ကြသည်။ ထို့ကြောင့်ပင် သူတို့သည် သူမအားမေးချင်ခဲ့သည်။ သို့သော် သူမသည် ငယ်သေးသည်။ ဒီလိုအန္တရာယ်များသော ကိစ္စများကို သူမအားမလုပ်စေချင်ပါ။

သို့သော် သူမသည် အမှန်တကယ်ပင် အင်အားကြီးတစ်ခုတည် ထောင်တော့မည်။ သူတို့ခန့်မှန်းထား သည့်အတိုင်းပင်။

"ကျွန်တော်လုပ်ချင်တာရှိလို့လေ" ရှီမာယူယူ ပြောလိုက်သည်။

"ဂျူနီယာမောင်လေး မင်းက အင်အားကြီးထောင်ချင်တယ်ဟုတ်လား၊ ဒီလောက်စိတ်ဝင်စားစရာ ကောင်းတာကို ငါ့ကိုတောင်မဖိတ်တော့ဘူးလား" ဟန့်မြောင်ရွှမ်သည် ချက်ချင်းပင် သူမဆီပြေးလာကာ သူမ မျက်နှာအား ဆွဲဆိတ်ပြီး ကစားလေသည်။

ရှီမာယူယူသည် သူမ၏ ရှည်လျားသောလက်သည်းများကြားတွင် တွန့်လိမ်ပြီးပြောလေသည် "ပျော်စရာ လည်းမရှိပါဘူး"

"ဒါဆိုရင် ဘာအတွက်တည်ထောင်တာလဲ" ဟန့်မြောင်ရွှမ်သည် သူမ အား သိချင်စိတ်ဖြင့် ကြည့်လိုက် သည်။

"စီနီယာအစ်မ အဲဒါကိုမမေးပါနဲ့"

"မင်း လူတွေကို ဓားပြတိုက်မလို့လား"

"စီနီယာအစ်မ..."

"တော်ပြီ ငါက မင်းရဲ့စီနီယာအစ်မပဲ ငါ့ကိုတကယ်မပြောတော့ဘူးလား"

"ကျွန်တော် မပြောချင်တာမဟုတ်ဘူး ပြောလို့မရတာ" ရှီမာယူယူ ပြောလိုက်သည် "ကျွန်တော်လုပ်ချင်တဲ့ကိစ္စက တကယ်အန္တရာယ်များတယ်၊ သာမန်ကိစ္စမဟုတ်ဘူး"

ထိုအကြောင်းအား ကြားလိုက်သောအခါ ဟန့်မြောင်ရွှမ်သည် သူမ၏ လည်ပင်းကိုဆုပ်ကိုင်ကာ ဖြည်းညင်းစွာပြောလေသည် "အဲတော့ မင်းရဲ့ စီနီယာအစ်မက အန္တရာယ်ကိုကြောက်တတ်တဲ့လူကို ပြောနေတာ လား၊ ငါ့ကိုမပြောရအောင်"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now