အခန်း-၅ မင်းက လူကောင်းတစ်ယောက်ပဲ။

5.5K 994 34
                                    

Unicode

အခန်း-၅ မင်းက လူကောင်းတစ်ယောက်ပဲ။

[ကျေးဇူးပြုပြီး ပိုလေးနက်တဲ့ဇာတ်ကွက်နဲ့ ပေါ်လာပါလား!]

ကုဖေးတိက ဒီစကားကို လေးလေးနက်နက် ပြော‌နေပုံရသည်။ ကျေးဇူးတင်ကြောင်းဖော်ပြခြင်း မဟုတ်သော်လည်း စုယန်ကို ကတိပေးထားခြင်းပင် ဖြစ်သည်။

ရိုက်ကူးနေစဉ်အတွင်း ဇာတ်ညွှန်းတွင် ဆေးလုံး အကြောင်း အသေးစိတ်ဖော်ပြချက်မပါဝင်ဘဲ ၎င်းဒဏ္ဍာရီပစ္စည်းကို စာပိုဒ်တစ်ကြောင်းတည်းတွင်သာ ဖော်ပြထားခြင်း ဖြစ်သည်။ သဘာဝကျစွာပင် စုယန်သည် ထိုလေးယောက်ပါတီရဲ့ ဒေါသတွေ ဘယ်ကလာတယ်ဆိုတာ နားမလည်ပေ။ ကုဖေးတိ၏ကတိကို ကြားသောအခါ စုယန်သည် ကုဖေးတိက သူ့ကို မသတ်ခဲ့တဲ့အတွက်၊ ဆေးလုံးကို ပေးလှူတဲ့ ကြင်နာမှုတွေအတွက် တကယ်ကို ကျေးဇူးတင်နေသည်ဟု သူထင်လိုက်သည်။

စုယန် နှုတ်ခမ်းထောင့်လေးတွေ အပေါ်သို့ ကွေးတက်သွားသည်အထိ ရယ်လိုက်သည်။

"ပြန်ဆပ်ဖို့ မလိုပါဘူး.. ဒီသခင်ငယ်ရဲ့ ကောင်းမှုကုသိုလ်ကို မမေ့သရွေ့ ငါကျေနပ်နေမှာပါ"

ဤစကားစုသည် သခင်ငယ်၏စရိုက်အရ သက်သက် တီထွင်ဖန်တီးထားသော အရာဖြစ်သည်။

သို့သော် သူမမျှော်လင့်ထားတဲ့အရာက ဒီစာကြောင်းဟာ ကုဖေးတိရဲ့နားထဲကို ရောက်သွားပြီး တစ်ဖက်လူ၏ မှားယွင်းသော အတွေးအမြင်များနှင့် ထင်ကြေးများကို ရိုးရှင်းစွာ အတည်ပြုလိုက်ခြင်းပင်။

ကုဖေးတိသည် ငယ်ရွယ်သေးပြီး ရိုးရှင်းသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့သည်။ စုယန်ကဲ့သို့ လူတစ်ယောက်နှင့် ပထမဆုံးအကြိမ် ထိပ်တိုက် ရင်ဆိုင်ရခြင်းမှာ သူ့အတွက် အမျက်‌ဒေါသထွက်ပြီး ရှက်ရွံ့မှုအပြည့်ဖြစ်ရန်မှာ မလွဲမသွေပင်ဖြစ်သည်။

သူ့မျက်နှာတစ်ခုလုံး နီရဲနေပြီး နားရွက်ဖျားက သွေးတွေ စီးကျနေသည်ဟု ထင်ရသည်။

ဖူလင်းယွင်က အော်ပြန်၏။

"ရှင်! အိပ်မက်ထဲမှာတောင်မရဘူး! ရှောင်ရှစ်ရှုံးက ဘယ်တော့မှ ရှင့်ရဲ့ လှည့်ကွက်ထဲမှာ ကျရှုံးမှာမဟုတ်ဘူး!"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now