Chapter 7

31.2K 4.1K 90
                                    

Unicode

တရုတ်ကျားကွက်
__________________________________

ယန်ချင်းချီပြန်ကြည့်လိုက်တော့ ချီချီ၏စူးစမ်းလိုသောအကြည့်များနှင့်ဆုံသည်။ သူ ချီချီ့အား မျက်စိမှိတ်ပြလိုက်ကာ ပြုံးရင်း ကျားစေ့လေးတွေကို ငုံ့ကြည့်လိုက်သည်။ ချီချီလည်းပဲ ခေါင်းပြန်ငုံ့လိုက်လေသည်။

ထို့နောက် ကျားစေ့လေးအား ယန်ချင်းချီ အောက်ဆုံးအဆင့်ကနေ တစ်စေ့ကျော် ခုန်ကူးလိုက်သည်။ ထိုနည်းက ချီချီ နောက်ဆုံးနှစ်တန်းတွင် ခုန်ကျော်ကူးသော နည်းနှင့်အတူတူပင်ဖြစ်သည်။ ချီချီကြည့်နေရင်း ထိုလူကြီးက ရုတ်တရက် ကျားစေ့ကိုဘေးရွှေ့လိုက်တော့  နောက်ဆုံးတန်းကနေ တတိယတန်းဆီသို့ ခုန်ကူးဖို့နေရာလေးလွတ်သွား သည်ကိုမြင်လိုက်သည်။ ယန်ချင်းချီ တဆင့်ချင်း ရွှေ့လိုက် ခုန်ကျော်လိုက်လုပ်နေတာကိုကြည့်ရင်း တခြားတဖက်၏ နောက်ဆုံးတန်းအား လျင်မြင်စွာ ရောက်သွားသည်ကို မြင်လိုက်ရသည်။

ချီချီ ယန်ချင်းချီအား အံ့အားသင့်စွာမော့ကြည့်လိုက်သည်။ ယန်ချင်းချီက နွေးထွေးစွာ ပြန်ပြုံးပြကာ ဆက်ရွှေ့နေလေသည်။

သိပ်မကြာခင်မှာပဲ အရောင်မတူတဲ့ကျားစေ့များဟာ ဆန့်ကျင်ဘက်နေရာဆီ အပြန်အလှန်ရောက်သွားပြီး တြိဂံအသစ်လေးနှစ်ခု ဖြစ်သွားလေသည်။

နောက်ဆုံးကျားစေ့ကိုချအပြီးမှာတော့ ယန်ချင်းချီတစ်ယောက်ပေါ့ပါးစွာပဲ ကြေငြာလိုက်သည်။
''ဦးဦးနိုင်ပြီ ''

ချီချီသူ့အား မျက်တောင်မခတ်တမ်း ငေးကြည့်နေသည်။ ရာစုနှစ်တစ်ခုလောက်ကြာအောင် ​ကြည့်အပြီးမှာတော့* သူ၏ယပ်တောင်သဏ္ဍာန် မျက်တောင်ရှည်များ ဝန်းရံထားသည့် မျက်လွှာကို ချလိုက်ကာ ယန်ချင်းချီဖန်တီးထားသည့် ပုံစံအသစ်အား လေ့လာနေလိုက်သည်။ ထို့နောက် အားလုံးပြန်စီကာ ဖြေးဖြေးချင်းစီ နေရာပြန်ချလေသည်။

(T/N : တင်စားတာပါ)

ချီချီ ခုန်ကူးသည့် နည်းလမ်းသည် သူ့နည်းလမ်းအတိုင်းတုပထားသည်ကို ယန်ချင်းချီသတိထားမိလိုက်သည်။ ထိုကောင်လေးမှာ ကောင်းမွန်တဲ့ဉာဏ်ရည်ရှိကာ အမှားတွေကိုချက်ချင်းပြင်ပစ်နိုင်စွမ်းရှိသည်။ နောက်ဆုံးတန်းကနေ တတိယတန်းကို ကျားစေ့အားလုံးရောက်သွားတဲ့အခါမှာတော့ ချီချီတစ်ယောက် သူ့ကိုယ်သူ အတော်လေးကို ဂုဏ်ယူနေဟန်ဖြင့် ယန်ချင်းချီအား တိတ်တိတ်လေးခိုးကြည့်လေသည်။ ယန်ချင်းချီကလည်း လက်ခုပ်တီးကာ အားပေးသည်။ ''တော်လိုက်တာ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now