Chapter 49

3.3K 772 8
                                    


Arc 3: မရဏဖျော်ဖြေပွဲ
Chapter 49: စတိတ်စင်မြင့်

စုမင်အရင်က ဘာမှမမြင်ဖူးတာမဟုတ်ပေမယ့် မျက်နှာတွေထူထပ်စွာခြုံလွှမ်းထားတဲ့သစ်ပင်ပင်စည်ကတော့ အတော်လေးကို ထိတ်လန့်စရာကောင်းတဲ့မြင်ကွင်းဖြစ်သည်။

တစ်ချက်ကြည့်ရုံနဲ့ မျက်နှာများကြား၌ ‌ဘာနေရာကွက်လပ်မှတောင်ရှိမနေတာတွေ့နိုင်သည်။

ပြူးထွက်နေသော သစ်ပင်၏ပင်စည်တစ်ခုလုံးသည် လူမျက်နှာများဖြင့် ဖုံးအုပ်ထားကာ သူတို့၏ မျက်နှာများသည် အခေါက်များနှင့် ဖိမိနေပြီး သူတို့နှင့် မျက်နှာချင်းဆိုင်ဖြစ်နေသည်။

မျက်နှာတိုင်းသည် ကွဲပြားနေပြီး သူတို့မျက်နှာ၏အမူအယာများကိုတောင် စုမင်မြင်နေရသည်။ အချို့က ထိတ်တလန့်ဖြစ်‌ပြီး အချို့ကကြောက်ရွံ့နေကာ အချို့သည် ကမောက်ကမအမူအရာများဖြစ်နေလေသည်။ ခံစားချက်တွေအားလုံးကို ဒီနေရာကနေ စုစည်းပေးထားတယ်လို့ ပြောလို့ရတယ်။
ခံစားချက်တွေအားလုံးကို ဒီနေရာကနေ စုစည်းပေးထားတယ်လို့ ပြောလို့ရပါတယ်။

ဘတ်စ်ကားထဲမှ လူတိုင်းထိတ်လန့်ပြီး ဆွံ့အသွားကြသည်။

လီချီယွီဦးဆောင်၍ တုန့်ပြန်လာတယ် .."အဲ့သစ်ပင်က လူသားစားတာများလား?"

ပုံမှန်သစ်ပင်တွေက ထိုကဲ့သို့မကြီးထွားသင့်ဘူး ... သစ်ပင်က လူတွေကိုအထဲဖိသွင်း၍ ပင်စည်မှာအဖုအ‌ထစ်လိုမျိုး ပြူထွက်လာပုံရသည်။

စုမင်မျက်မှောင်ကျုံ့ရင်း .."အထဲမှာ လူသေအလောင်းတွေရှ်ိလောက်တယ်"

သစ်ပင်က လူသားစားနိုင်တာပဲ ဖြစ်လောက်တယ်။ ဒါမှမဟုတ် သစ်ပင်အတွင်း လူသေတွေကိုထည့်သွင်းရင်း တဖြည်းဖြည်း၎င်းတို့ကို တစ်ခုတည်းဖြစ်စေသည်။

ဘယ်နည်းနဲ့ဖြစ်ဖြစ် သူတို့အတွက် သတင်းကောင်းမဟုတ်ပေ။

ကျောင်းထောင်ကျီး သူမဖုန်းနဲ့ဓာတ်ပုံရိုက်လိုက်ပြီး .."ဒီတစ်ခါ ပုံကအတူတူပဲ ... အဲ့သစ်ပင်တော်တော်ကြောက်ဖို့ကောင်းတယ်"

နောက်ဆုံးတခေါက်က သူမ ကော်ဇောကိုဓာတ်ပုံရိုက်ခဲ့စဉ်က ပြောင်းလဲမှုရှိခဲ့သည်။ ထိုကိစ္စပြန်တွေးကြည့်ပြီး တစ်စုံတစ်ခုကို ထပ်မံဖော်ထုတ်နိုင်မည်ဟု သူမခံစားမိသည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now