09

91.1K 6.9K 481
                                    

မကြာခင်အချိန်က သောက်ခဲ့သောအရက်ရှိန်က အလျှင်းပြေပျောက်ခြင်းမရှိသေးသော်လည်း လွန်းကသူ့မျက်လုံးတွေကို ကြိုးစားဖွင့်ကာ ပတ်၀န်းကျင်ကိုစူးစမ်းလိုက်၏။စိမ်းသက်ခြင်းမရှိသည့် အခန်းအပြင်အဆင်ကြောင့် အိမ်သို့ပြန်ရောက်နေပြီဟူသော အသိစိတ်ဖြင့် စိတ်အေးစွာသက်ပြင်းချလိုက်သည်။

'ဟင်'

အိပ်ယာပေါ်မှ ခေါင်းထောင်ကြည့်လိုက်ချိန်၌ ဟန်နရီကဆိုဖာပေါ်တွင် မလှုပ်မယှက်ထိုင်ကာ သူ့အားစူးစိုက်ကြည့်နေတာဖြစ်၏။ခပ်ထူထူမျက်ခုံးတွေက အလိုမကျစွာကွေးညို့နေပြီး အရယ်အပြုံးမရှိသူ့အားစူးစိုက်ကြည့်နေတာမို့ လွန်းကအနည်းငယ်ထိတ်လန့်စွာဖြင့် အသက်တောင်ပြင်းပြင်းမရှုရဲပေ။စိတ်ကြည်နေချိန်၌ လွတ်လပ်ပေါ့ပါးစွာဆက်ဆံရဲသော်လည်း ဟန်နရီထံမှ အလိုမကျစွာစူးစိုက်ကြည့်ခံရသည့်အချိန်တိုင်း လွန်းတကယ်ကိုကြောက်မိသည်။

'နိုးလာပြီလား'

'ဟင်'

'အေးအဲ့လိုပဲ တဟင်ဟင်နဲ့လုပ်နေလိုက် ကြာရင်မင်းကို ဟိုကောင်က ကောက်စားသွားလိမ့်မယ် နားလည်လား!!'

ခက်ထန်စွာအော်ငေါက်လာသည့်အသံကြောင့် လွန်းရဲ့ကျောပြင်တစ်ခုလုံးတောင့်ခဲသွားရ၏။ဟန်နရီရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကို လွန်းအနေဖြင့်နားမလည်နိုင်တာကြောင့် အိပ်ယာပေါ်တွင်သာ ငူငိုင်စွာဖြင့် ဟန်နရီအားလှမ်းကြည့်မိ၏။သူအရက်မူးချိန်၌ အမှားတစ်စုံတစ်ခုများလုပ်ခဲ့မိလေသလားဟု တွေးတောလိုက်သော်လည်း လွန်းအနေဖြင့်ဘယ်အရာကိုမှ စဥ်းစားနိုင်စွမ်းမရှိတော့ပေ။

'မင်း အကုန်သိပြီးသားမလား'

'ဟင် ဘာ...ဘာကိုလဲ'

'အခုမှရူးချင်ယောင်ဆောင်မနေနဲ့ လွန်းတာနေဆန်း...ငါအဲ့ကောင်ရဲ့ clubကိုသွားမယ်မှန်းသိလို့ မင်းအတင်းလိုက်ချင်နေတာမလား'

ဟန်နရီက ဆိုဖာပေါ်မှဒေါသအပြည့်ဖြင့် သူ့ထံသို့ဦးတည်လာတာမို့ လွန်းကအိပ်ယာပေါ်မှ ခပ်မြန်မြန်ကုန်းထလိုက်၏။နှစ်ဦးသား မျက်နှာချင်းဆိုင်ဖြစ်သွားသောအနေအထား၌ ဟန်နရီကလွန်းလက်မောင်းကို သူ့အားဖြင့်ဆောင့်ဆွဲလိုက်တာမို့ လက်တစ်ဖက်လုံးပင် အောင့်တက်သွားရသည်။

HANARY(S1+S2) Where stories live. Discover now