အခန်း (၃၈)/(ခ)

3K 346 6
                                    

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၃၈)/(ခ)

TRANSLATOR - SS

--------------------

"အမကြီး လာပြီပဲ"
ရန်ရှီးထျင်ကဆိုလိုက်သည်။

"ဒီနေ့က ညီမလေးရဲ့ မင်္ဂလာပွဲပဲ။ ဒီအစ်မကြီးက လာရမှာပေါ့။ ဒါနဲ့ တို့ညီမလေးက ဒီနေ့သိပ်လှနေတာပဲ။ အိမ်ရှေ့မင်းသားသာမြင်ရင် ရူးလောက်အောင်ပျော်နေတော့မှာ"

ရန်ရှီးနဥ်၏ ချီးကျူးစကားကြောင့် ရန်ရှီးထျင်ပျော်သွားမိသည်။ သို့သော်အိမ်​ေရှ့မင်းသား၏နာမည်ကိုကြားတော့ သူမမျက်မှောင်ကျုံ့မိသွား၏။ အိမ်ရှေ့မင်းသားက ဘာလိူ့သူမကို မင်္ဂလာလက်ဖွဲ့ပို့မပေးသေးမှန်း သူမ မသိ။

ရန်ရှီးနဥ်ကတော့ လက်ဖက်ရည်နှစ်ခွက်ကိုငှဲ့လိုက်ပြီး ဘယ်သူမှမမြင်ခင် တစ်ခွက်တွင် ဆေးတစ်လုံးကိုချေပြိးထည့်လိုက်၏။

"ညီမလေး လက်ဖက်ရည်သောက်လေ...ခဏနေရင် လက်ဖက်ရည်သောက်ဖို့အချိန်ရှိတော့မှာမဟုတ်ဘူး"

ရန်ရှီးထျင်လည်းရေဆာနေလေပြီ။ သူမမိခင်က ရေတောင်မသောက်ခိုင်းသည်မို့ ဒီတစ်ခါတော့ လက်ဖက်ရည်ခွက်ကိုယူပြီးသောက်ချလိုက်တော့သည်။

ရန်ရှီးနဥ်ကတော့ပြုံးရင်း လက်ဖက်ရည်တစ်၀က်ကိုသောက်လိုက်ပြီး ကျန်တစ်၀က်ကိုတော့ ပန်းအိုးထဲ သွန်ပစ်လိုက်၏။

ဆေးလုံးက လွန်ခဲ့သည့်နှစ်ရက်လောက်က ပေ့သိုထံမှ ရခဲ့ခြင်းပင်။

"အကိုကြီးပေ့...အကိုကြီးဆီမှာ ဗိုက်နာစေတဲ့ဆေးလေးလေးများမရှိဘူးလား"
ရန်ရှီးနဥ်မေးလိုက်၏။

"ရှိတယ်"
ပေ့သိုက သူမကို ခပ်ဆင်ဆင်ဆေးလုံးများပြသည်။

"ဆေးကိုချေလို့ရလားဟင်"
ရန်ရှီးနဥ်က မေးလိုက်သည်။

"ရတာပေါ့"

"အကိုကြီးပေ့...အဲ့ဒါဆို ကျွန်မကို အဲ့ဆေးတွေပေးလို့ရလား?
"ရတယ်"
ပေ့သိုကပြန်ဖြေရင်း ဆေးတွေကိုသူမဆီသို့ထည့်ပေးလိုက်သည်။

ရန်ရှီးနဥ်လည်းဆေးတစ်တောင့်ကို သူမကိုယ်တိုင်စမ်းသောက်ကြည့်လိုက်သည်။  တစ်ရှီးချန်​ေလာက်ကြာပြီးသည့်နောက် သူမဗိုက်နာလာပြီး အိမ်သာသို့ပြေးရတော့၏။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now