Chapter 8

33K 4.1K 172
                                    

Unicode

ဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်ဧကရာဇ်ကြီးက ပုံမဆွဲနိုင်ဘူး
__________________________________

တိတ်ဆိတ်တဲ့အခန်းလေးထဲ သူတို့သုံးယောက် စားပွဲဝိုင်းလေးရှေ့ထိုင်နေကြသည်။ ချီချီက အလယ်တွင်ထိုင်ကာ သူ၏ရောင်စုံခဲတံလေးများကိုကိုင်ပြီး ပုံဆွဲနေလေသည်။

ကျန်းမော့ချန် သူတို့ကိုကြည့်ကာ စိတ်ထဲ အတွေးတစ်ခုကသာ ဖြတ်ပြေးနေခဲ့သည်။ လွန်ခဲ့တဲ့မိနစ်နှစ်ဆယ်ကိုသာ ပြန်သွားနိုင်ခဲ့မယ်ဆိုလျှင် သူ ယန်ချင်းချီဖိတ်ခေါ်မှုကို နောက်တစ်ခေါက်တောင် ထပ်မတွေးပဲ ချက်ချင်းငြင်းပစ်လိုက်မှာဖြစ်သည်။ ချီချီကို အခြားအလုပ်ကိစွတွေရှိသေးလို့ ဒါမှမဟုတ် နောက်တစ်ခေါက်ကျမှ အတူတူဆွဲကြရအောင်လို ပြောမိလိုက်မှာဖြစ်သည်။ အခုတော့ ယန်ချင်းချီရှေ့ထိုင်ပြီး ချီချီနှင့်အတူ ပုံဆွဲဖို့ပြင်နေရပြီဖြစ်သည်။

ကျန်းမော့ချန် ရောင်စုံခဲတံများကို ကြည့်ကာ သူ့အဖြစ်သူစဥ်းစားမိ၍ ပူဆွေးသောကရောက်နေရလေသည်။ သူ ယန်ချင်းချီအား ခက်ထန်စွာကြည့်လိုက်ကာ ဒီပြဿနာကောင်ကို အိမ်ထဲပေးဝင်မိတာကိုက အမှား! ဟု တွေးမိတော့သည်။

ကုန်လွန်ခဲ့သော မိနစ်နှစ်ဆယ်ကိုပြန်ရစ်ကြည့်လိုက်မည်ဆိုရင်တော့ဖြင့် ကျန်းမော့ချန်အခန်းထဲဝင်လာလိုက်တာနဲ့ ချီချီကပုံစဆွဲပြီဖြစ်သည်။ ချီချီကစိတ်နှစ်ပြီးကိုဆွဲနေကာ ခွေးပုံလေး ဆွဲပြီးသည်နှင့် ရေဆေးများနှင့် အရောင်စခြယ်တော့သည်။ ခြယ်လို့အပြီးမှာတော့ မတ်မတ်လေးထိုင်လိုက်ကာ သူ့ဘေးကလူနှစ်ယောက်ကိုပြလိုက်သည်။

ကလေးကငယ်သေးတာမို့ ပြောစရာမလိုလောက်အောင်ပဲ ဆွဲပုံလေးကလည်း မရင့်ကျက်လှသေးပါ။ ကလေးတွေဆွဲနိုင်လောက်မည့် ပုံဆွဲစာအုပ်တွင် ပြထားသော နည်းလမ်းလေးအတိုင်း ဆွဲထားခြင်းဖြစ်သည်။ ယန်ချင်းချီသည်လည်း ပုံဆွဲစာအုပ်ကနည်းအတိုင်း ချီချီခွေးလေးဘေးတွင် နောက်ထပ်ခွေးလေးတစ်ကောင် ထပ်ဆွဲလိုက်လေသည်။

ချီချီက ယန်ချင်းချီဆွဲနေပုံကို ကြည့်ကာ မျက်လုံးလေးများကအစ ပြုံးနေခဲ့သည်။ ယန်ချင်းချီဆွဲလို့ပြီးသည်နှင့် စာရွက်ကိုယူကာ သူနှင့်ပုံစံတူလေး နောက်တစ်ကောင်ဆွဲပေးရန် မျှော်လင့်တကြီးဖြင့် ကျန်းမော့ချန်ရှေ့ ချပေးလာခဲ့သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now