10

93.5K 6.9K 544
                                    

ခြောက်နာရီထိုးသည်နှင့် နိုးနေတတ်သည့်အကျင့်တစ်ခုကြောင့် လွန်းကသူ့မျက်လုံးတွေကိုအသာပွတ်ကာ မျက်ခွံတွေကိုနှေးကွေးစွာဖြင့် အားပြုဖွင့်လိုက်၏။လူတစ်ယောက်ရဲ့ရင်ခွင်ထဲ၌ တင်းကျပ်ကျပ်ပွေ့ဖက်ခံထားရသည့် ခံစားချက်က အနည်းငယ်မွန်းကြပ်ရပါသော်လည်း ရုန်းမထွက်ချင်မိအောင် နွေးထွေးရတာဖြစ်သည်။အိမ်မက်ဖြစ်နေမလားဟု အသိစိတ်တစ်ချို့က လှုံ့ဆော်နေသော်လည်း နဖူးပေါ်သို့ပျံ့လွင့်လာသည့် လေငွေ့နွေးနွေးကြောင့် လွန်းကခပ်မြန်မြန်ဖြင့်မျက်နှာမော့ကြည့်လိုက်၏။

မထင်မှတ်ထားသည့်ဟန်နရီဆိုသူက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တင်းကျပ်ကျပ်ပွေ့ဖက်ကာ အိပ်ပျော်နေတာမို့ လွန်းကလျှင်မြန်စွာဖြင့် ထိုရင်ခွင်ထဲမှရုန်းထွက်လိုက်သည်။ထို့နောက် ဟန်နရီရဲ့အင်္ကျီကော်လံကို ဆုပ်ကိုင်ကာ မျက်နှာအားထိုးကြိတ်ဖို့ ဟန်ပြင်လိုက်၏။သို့ပေမယ့် တွန့်ဆုတ်နေသည့်လက်တွေက လေပေါ်တွင်သာရပ်တန့်သွားရသည်။ဦးနှောက်အသိဥာဏ်က လက်တုံ့ပြန်ဖို့ကြံရွယ်မိပါသော်လည်း ဘယ်အရာတွေက သူ့အားထိန်းချုပ်ခဲ့သလဲဆိုတာမသိတော့ပေ။

'ထိုးချင်လဲထိုးလိုက်လေ အဲ့လောက်စိုက်ကြည့်နေစရာမလိုပါဘူး'

'ဟင် ခင်ဗျား'

အိပ်မောကျနေသည်ဟုထင်ခဲ့ပါသော်လည်း ဟန်နရီကမျက်လုံးမဖွင့်ပဲ သြရှရှပြောဆိုလာတာမို့ လွန်းကသူ့လက်တွေကိုပြန်ယုတ်သိမ်းလိုက်၏။

'အာ့'

ထင်သည့်အတိုင်း သူ့ခန္ဓာကိုယ်ကိုအားဖြင့်ပြန်ဆွဲကာ ခါးကိုတင်းကျပ်ကျပ်ပြန်လည်ပွေ့ဖက်ထားတာကြောင့် လွန်းကလျှင်မြန်စွာဖြင့်ရုန်းထွက်လိုက်၏။သို့ပေမယ့် အားချင်းမမျှတာကြောင့် သူ့ရဲ့ကြိုးစားမှုက ထိုလူရဲ့လှောင်ပြောင်ရယ်သံခပ်တိုးတိုး၌သာ မျောလွင့်သွားရသည်။

'ကျွန်တော့်ကိုလွှတ်'

" မနက်6နာရီထပြီး ကိုယ့်ကိုခိုးကြည့်နေတာပေါ့လေ "

'ဘယ်သူက ခင်ဗျားကိုခိုးကြည့်နေလို့လဲ'

' အရင်လိုကလေးဆန်တဲ့အတွေးလေးတွေနဲ့ ဟန်နရီဆိုတဲ့ကောင်ကိုလိမ်နေတုန်းပဲလား'

HANARY(S1+S2) Where stories live. Discover now